Ep(75)😘

3.5K 280 7
                                    

သွေးနီပန်းပွင့်ပြီးတဲ့နောက် အတိတ်အကြောင်းတွေကို အလုံးစုံမှတ်မိသွားတဲ့
အိမ်ရှေ့စံကျွင်းအော်လေး..

"မယ်တော်ရင်း ကျွင်းအော်အိပ်လို့မပျော်ဘူး
ကျွင်းအော် မယ်တော်ကိုလွမ်းနေတာလည်းပါတယ်။"

"ကြည့်စမ်း မယ်တော်ရဲ့သားငယ်က ကပ်ပြီးချွဲနေတာပဲ..ချစ်မဝလေးရဲ့..မွ.."
သားငယ်ရဲ့နဖူးပြင်လေးကိုအနမ်းဖွဖွခြွေရင်း..

"မယ်တော်က မပြောမဆိုပျောက်သွားတော့
ကျွင်းအော်ကလိုက်ရှာရတာပေါ့.."

"ဟင့်..အဲ့ဒါမယ်တော်က ချွဲတယ်ပြောနေပြန်တော့ ကျွင်းအော်ကဘယ်လိုနေရမှာလည်း။"

"ကဲ..ဟုတ်ပါပြီး အိပ်တော့နော် မယ်တော်ဘယ်မှမသွားတော့ဘူး။"

"ခစ်ခစ်ခစ်.မယ်တော်ရဲ့ရင်ခွင်က အေးချမ်းနွေးထွေးတယ် ခမည်းတော်စက်တော်ခေါ်နေပြီလား မယ်တော်ရင်း။"

"ရှောက်တင်လွှာတွေ ဖတ်နေတယ် ကျွင်းအော်လေးရေ..
ခဏနေရင် စက်တော်ခေါ်လိမ့်မယ် သားရဲ့ခမည်းတော်က အလုပ်တွေလုပ်နေတာလေ.."

"မနက်ဖြန် မယ်တော်နဲ့တနေရာသွားရမယ်
ဒါကြောင့် ကျွင်းအော်လေး အိပ်သင့်ပြီထင်တယ်။"

"ဟုတ်..မယ်တော်ရင်း.."

ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို မွှေးကြူလိုက်ပြီး သားငယ်ကို ရင်ခွင်ထဲချော့သိပ်ခဲ့တဲ့ဝေ့ရင်း။

လန်ကျန့်ကတော့ ညီလာခံမှာ ဘာပြသနာတွေနဲ့ ရင်ဆိုင်ရအုံးမလဲမသိပေ..ခုနေတော့ လျှောက်တင်လွှာတွေက ဖတ်လို့မပြီးနိုင်သေး..များလိုက်တဲ့ တိုင်တန်းစာတွေ..

ဝေ့ရင်းပြန်ရောက်တာနဲ့ နေလအရံအတားကို ဖယ်ရှားထားတဲ့အတွက် ညဘက်လေကောင်းလေသန့်တို့က နဂါးနန်းဆောင်ထဲ
တိုက်ရိုက်ဝင်ရောက်စေပြန်တယ်။

အိပ်စက်လို့ကမရပြန်...တိုင်းရေးပြည်ရာကလည်းရှုတ်ထွေးလှတယ်..
မကြာခင် စစ်ပွဲကဖြစ်ရပေအုံးမယ်။
နိုင်ငံတိုင်းကို စစ်မက်ရေးရာကျူးကျော်နေခဲ့တဲ့ အိမ်နီးချင်းနိုင်ငံကြောင့် လန်မင်းကြီး
စိတ်ထဲ နေလို့မကောင်းလှ...

တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed) Donde viven las historias. Descúbrelo ahora