Ep(94)😘

3.1K 221 21
                                    

"ကိုယ်ရံတော်ရွေးချယ်ပွဲမှာ အနိုင်ရသွားသူက..ကျောက်သခင်လေးပဲဖြစ်ပါတယ်။
အမတ်ကြီးကျောက်ရှန့်ပိုင်ရဲ့သားပါ။
ဂုဏ်ယူပါတယ် ကျောက်သခင်လေး
ကျောက်ယွင်။"

လန်ကျန့်ကတော့ ထိုကောင်လေးကိုကြည့်လို့မရပေ...'ပုံစံကိုက လက်ရဲဇက်ရဲနဲ့ အိမ်ရှေ့စံနဲ့ဖြစ်ပါ့မလား။'
"ကိုယ်ရံတော်ဝမ်နင်.. အမတ်ကြီးဖေးရဲ့သားကိုပါ ဆင့်ခေါ်လိုက်.."

"အမိန့်တိုင်းပါ.. မင်းကြီး။"

ခုဆိုရင် လန်ကျန့်ရှေ့..
အမတ်ကြီးနှစ်ယောက်စလုံးရဲ့သားတွေ
အခစားဝင်နေကြ၍..

"ကျွန်တော်မျိုးက.. အမတ်ကြီးဖေးရဲ့သား
ကုန်းစွန်းလီဖေးပါ အရှင်မင်းကြီးကို အရိုအသေပြုပါတယ်။"

"ကောင်းပြီ...ကုန်းစွန်းလီဖေး.."

လန်ကျန့်ရဲ့အကြည့်က ကျောက်ယွင်ဆီရောက်သွားသောအခါ..

အိမ်ရှေ့စံကိုငမ်းနေသော ကျောက်ယွင်အဖို့ ပြာပြာသလဲနဲ့.. အကြည့်လွှဲကာ..
"ကျွန်တော်မျိုးက အမတ်ကြီးကျောက်ရှန့်ပိုင်ရဲ့ သား ကျောက်ယွင်ပါ အရှင်မင်းကြီးကို အရိုအသေပြုပါတယ်။ "

"ကောင်းပြီ..ကျောက်ယွင်"
.
.
.
.

ဝေ့ရင်းခေါင်းအနည်းငယ်မူးဝေလါတဲ့အတွက်.. "ကျွင်းအော် မယ်တော်ပြန်နားချင်ပြီ.. သမားတော်ပင့်ခဲ့ မယ်တော်ခေါင်းအရမ်းမူးတယ်။"

အိမ်ရှေ့စံတစ်ယောက် သူ့မယ်တော်နေမကောင်းဘူးဆိုတဲ့အသံကြားတာနဲ့..
ကိုယ်ရံတော်ရွေးချယ်ပွဲလည်း ခေါင်းထဲမထည့်အား ဝေ့ရင်းကိုပွေ့ချီပြီး သမားတော်နန်းဆောင်ဆီပြေးထွက်သွားပါရဲ့။

"မယ်တော်..အဆင်ပြေရဲ့လား..
ခေါင်းကအရမ်းကိုက်နေလား.."

"ကျွင်းအော် မယ်တော်ရဲ့မျက်လုံးတွေ မမြင်ရတော့ဘူး။"

"ဘယ်လို..မယ်တော်ရင်းမစပါနဲ့လား။
မယ်တော်ရဲ့ခေါင်းက အရမ်းကိုက်တဲ့ဒဏ်ကြောင့်ပါ ခနနေရင် ပြန်ကောင်းသွားလိမ့်မယ်နော် မယ်တော်မကြောက်နဲ့။"

လန်ကျန့်လည်း..ဝေ့ရင်းကိုစိတ်ပူတဲ့အတွက် ကိုယ်ရံတော်ရွေးချယ်ပွဲကို အဆုံးသတ်လိုက်ပြီး သမားတော်နန်းဆောင်ရှိရာဆီကြွချီသွားတော့တယ်။

တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ