Ep(68)😘

3.7K 315 23
                                    

လူ့ပြည်ကမိုးခေါင်တဲ့အရပ်တွေမှာ ရေပြသနာက အတော်လေးဆိုးရွားနေခဲ့တယ်။
လူအများကတော့ ကိုးကွယ်ရာဘုံကျောင်းရှိရာဆီစုအုံနေကြပြီး မိုးရွာသွန်းပေးအောင် ဆုတောင်းနေကြခြင်းပါ။

နဂါးမလေး သို့သို့ဟာ ကြာကန်ထဲဆင်းပြီး
ရေကစားနေခဲ့ပြန်တယ်။

မယ်တော်ဝေ့ရင်းကိုမတွေ့လို့ မော့ကုန်းကုန်းကို ဂျီကျနေတဲ့ အိမ်ရှေ့စံလေးဟာ
ပန်းဥယျာဥ်ငယ်ထဲ ငိုနေရှာတယ်။
ထူးဆန်းတာက ကျွင်းအော်လေးရဲ့ငိုသံကို
သို့သို့ကြားသွားပါရော...
'ဟင် ငါဒီအသံကို ရင်းနှီးနေသလိုပဲ။'

ဒါနဲ့ သူမရဲ့အသွင်အတိုင်း သေးငယ်တဲ့နဂါးဖြူလေးအသွင်ပြောင်းလဲလိုက်ပြီး
ငိုသံကြားရာဆီကြာကန်ရဲ့ရေစီးအတိုင်းလိုက်ပါလာလေတယ်။

ကျွင်းအော်ကတော့ သူ့ခမည်းတော် အရမ်းကြိုက်တဲ့ ကြာကန်နန်းဆောင်လေးဆီ အခုရောက်နေပြန်တယ်။
မော့ကုန်းကုန်း မသိအောင် ထိုနေရာကို
သူထွက်လာခဲ့ခြင်းပေ။မိုးမခခရမ်းပြာပန်းတွေက ကြာပန်းတွေနဲ့အပြိုင်အဆိုင် ပွင့်နေလိုက်တာ ဝေဝေဆာဆာပဲ။

ဒဏ်ရာရပြီးထွက်ပြေးသွားတဲ့ မြေခွေးမိစ္ဆာမကို လိုက်လံဖမ်းဆီးနေတဲ့ နဂါးလေးမုံသီနဲ့လောကနတ်မင်း..ခုသူတို့နှစ်ယောက် နတ်ဆိုးဂူရဲ့ အနီးဝန်းကျင်နားကို
ရောက်နေခဲ့ခြင်းပါ။

"အငွေ့အသက်တွေ မကောင်းဘူး..မုံသီ..
နတ်ကျားဖြူပြောတာကြည့်ရရင် ဒီနတ်ဆိုးဂူက အန္တာရယ်များမဲ့ပုံပဲ အရမ်းမဝင်နဲ့ ထောင်ချောက်ဖြစ်နေနိုင်တယ်။"

"ဒါဆိုရင် အရိပ်နတ်ဆိုးက ဒီမှာလာပုန်းနေတာပေါ့.. လောကနတ်မင်း။"

"ဟုတ်တယ်..သူကအရမ်းဉာဏ်နီဉာဏ်နက်များတယ်..ဒါကြောင့်သတိထားမှဖြစ်လိမ့်မယ်။"

ဝေဟင်ခရီးရှည်ပျံသန်းလို့အပြီးမှာတော့
သူစိတ်ပူနေတဲ့ အဖြူရောင်အရိပ်ကလေးအိပ်စက်ရာ နန်းဆောင်လေးကို လှမ်းမြင်နေရပြီလေ..

'လန်ကျန့်..ငါမင်းကို ရအောင်ကယ်တင်မယ်..မင်းမသေရဘူး။'

ဝေ့ရင်း လန်နန်းတော်ရှိရာဆီ ဆင်းသက်ကာ သူ့ရဲ့ စိုးရိမ်မှုက လန်မင်းကြီးပေ..
နဂါးနန်းဆောင်ထဲ အပြေးတပိုင်းဝင်လာခဲ့တဲ့ ဝေ့ရင်း...
သူမြင်လိုက်ရတာက ဝမ်နင်တစ်ယောက်ငိုနေခဲ့ခြင်းပါ။

တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed) Where stories live. Discover now