"ဝေ့ရင်းမင်းဘယ်လိုခံစားနေရမလဲဆိုတာ
ကိုယ်သိတယ်.. ဒါကြောင့် မင်းကိုမင်းဂရုစိုက်သင့်တယ်။ကျွင်းအော်ပြန်လာရင်
မင်းကိုဒီလိုပုံစံမြင်ပြီး သားကစိတ်ထဲဝမ်းနည်းနေလိမ့်မယ်။""လန်ကျန့်..ငါ့ကိုတစ်ယောက်တည်းခဏလောက်ပေးနေပါလား။ငါခုချိန်မှာ ဘယ်သူနဲ့မှစကားမပြောချင်ဘူး။"
လန်ကျန့်လဲ ဝေ့ရင်းနဲ့မလှမ်းမကမ်းမှာ
အစောင့်တွေချထားပေးပြီး ညီလာခံရှိရာဆီ ကြွချီသွားရှာတယ်။
'မင်းကို ကိုယ်နားလည်ပါတယ် ဝေ့ရင်း
ကိုယ်လည်းပဲခံစားရသူပါပဲ။'
..
...
.
မိုးနတ်မင်းကတော့ စုဝေးခန်းမဆောင်မှာ
နတ်မင်းအပေါင်းနဲ့ညီလာခံကျင်းပနေခဲ့တယ်။အကြောင်းကတော့ ယဲ့ရှန်းကို
ဖမ်းစီးဖို့အတွက်ပင်။
သူမရဲ့မကောင်းသတင်းတွေက လုံးဝကို
ဖုံးဖိမရတာမို့..ဒီတကြိမ်ရဲ့ပြစ်ဒဏ်က
ငရဲပြည်ရှိရာဆီ ပို့ပစ်ရမဲ့အဆင့်ထိသူမရဲ့လုပ်ရပ်တွေကလူမဆန်စေလို့ပဲ။"မုံသီ..."
"မုံသီမိုးနတ်မင်းကို ခစားလျှက်ပါ.."
"ဟုန်နိုင်ငံနဲ့ထန်နိုင်ငံတော်ကို သွားပြီး
မွေးလာတဲ့ ကလေးနှစ်ယောက်ကို ဒီဆေးရည်ရအောင်တိုက်ခဲ့။""အမိန့်တိုင်းပါ မိုးနတ်မင်း..."
.
.
.
.
ရေတိုင်းပြည်မှာတော့ ဝူဖန်လေးဝမ်းနည်းစွာငိုနေခဲ့သည်..
"မဟုတ်ဘူး ရှောင်ဝေ..ခွဲမသွားပါနဲ့ ငါ့ကို..
ငါ အိမ်မက်ဆိုးတွေမက်နေတာမဟုတ်လား။"အဆိပ်တွေက ကိုယ်မှာပျံ့နှံ့ဝင်ရောက်ပြီးတဲ့နောက် ရှောင်ဝေလေး သူချစ်ရသူကိုနှုတ်ဆက်ရတော့မယ်။
"ဝူဖန်..မငိုပါနဲ့နော်.. ငါကကံတရားကိုလက်ခံယုံကြည်တယ်။
ဒါကြောင့် ငါမင်းနဲ့ရေစက်မကုန်ရင် ပြန်တွေ့မယ်ဆိုတာ ယုံကြည်တယ်။"စကားအနည်းငယ်ပြောနေပေမဲ့..သူလုံးဝမောနေခြင်းပါ။
နှလုံးမီးတောက်က အနည်းငယ်လေးသာကျန်ရှိတော့တဲ့အတွက်..
"ငါကျေနပ်တယ် ဝူဖန် ငါမင်းရင်ခွင်ထဲအိပ်စက်ရလို့။အနည်းဆုံးတော့ မင်းရဲ့ကိုယ်ငွေ့လေး ငါနဲ့အတူရှိနေနိုင်လို့..."
YOU ARE READING
တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed)
Historical Fictionနန်းတွင်း ပုံစံရေးပေးသွားမှာပါ စိတ်ကူးယဥ်သက်သက်ပါ။🚫++အနည်းငယ်ပါဝင်ပါတယ်။ ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူများသာဖြစ်သည်။တစုံတစ်ဦးထိခိုက်နစ်နာစေလိုခြင်း လုံးဝမရည်ရွယ်ပါ။