Ep(69)😘

3.5K 269 0
                                    

ကြာကန်အလယ်ကနန်းဆောင်လေမှာ မျက်ဝန်းပြာပြာတွေနဲ့ ထိုင်နေတဲ့ကောင်လေးတစ်ယောက်ကို သို့သို့ကြာပန်းတွေကြားကလှမ်းမြင်နေရတယ်။

'ဟင်..ငါသူ့ကို ရင်းနှီးစွာမြင်ဘူးပါတယ်။
ဒီကောင်လေးကို ငါအတော်လေး ရင်းနှီးပါတယ်။ဘာပဲဖြစ်ဖြစ် ငါသူနားသွားပြီးမေးကြည့်ရမှာပဲ။ငါကူညီနိုင်တာရှိရင် ကူညီပေးရတာပေါ့။'

"နန်းရန်ဟွား" နန်းဆောင်ထဲမှာ  အိမ်ရှေ့စံကို ရှာမတွေ့တော့လို့ မော့ကုန်းကုန်းတစ်ယောက် အစေခံတချို့နဲ့ နန်းတော်နေရာအနှံ့ရှာဖွေနေရပြန်ပြီ။ခဏလေး စားစရာသွားယူနေတာ အလစ်ကိုချောင်းပြီး ဘယ်ထွက်သွားပါလိမ့် အိမ်ရှေ့စံသာ
တခုခုဖြစ်လို့ကတော့ ဧကရီဝေ့ရဲ့ဒေါသနဲ့တင် အားလုံးဇီဝိန်ချုပ်ကြမှာ ဧကန်မလွဲပေ။

ဝေ့ရင်းတစ်ယောက် စိတ်စက်ကွင်းနယ်ပယ်မှာ နတ်မင်းဖြူထံ သူ့နှလုံးအိမ်ရဲ့ဒဏ်ရာ ကုသဖို့အတွက်ဆေးနည်းမေးခဲ့ခြင်းပါ။

မျက်ရည်စက်သုံးစက်ကို သူရှာဖွေရမယ်လေ။အချိန်က တပတ်အတွင်းပဲရမှာ..
ချစ်ရသူကိုကြည့်ပြန်တော့လည်း အိပ်ယာထက် အိပ်စက်နေဆဲ။

ဒီကာလတွေမှာ လန်ကျန့်အတော်လေး
အခြေအနေဆိုးရွားခဲ့တာပဲ။ဒါကြောင့် နဂါးနန်းဆောင်ဘက် သူတို့သားဖနှစ်ယောက်စလုံးကို မလာခဲ့စေတာ ဒါကြောင့်ကို..

အသက်ဓာတ်တော်ယူဆောင်လာတဲ့အချိန်မှာ အဲ့ဒီအသက်ဓာတ်တော်ဟာ ပိုင်ရှင်ရဲ့ကိုယ်ခန္ဓာနဲ့ ချက်ခြင်းထိတွေ့ခွင့်မရှိရင်
ပြိုကွဲသွားနိုင်ပါတယ်။
ဝေ့ရင်းဟာ သူ့နှလုံးအိမ်ထဲ ထိုအသက်ဓာတ်တော်ကို သိမ်းဆည်းယူဆောင်ခဲ့တာ
အသက်ဓာတ်တော်ပြိုကွဲသွားမှာစိုးလို့ပါ။
အသက်ဓာတ်တော်ဟာ ဝေ့ရင်းရဲ့နှလုံးသွေးအနွေးဓာတ်ကိုစုပ်ယူပြီး လင်းလက်တောက်ပခဲ့တာကြောင့် လန်မင်းကြီး
ကံတော်မကုန်ခဲ့ခြင်းဖြစ်တယ်။

"ဝမ်နင်..."

ဝေ့ရင်းရဲ့ခေါ်သံကြောင့်.. ဝမ်နင်အမြန်ဝင်လာခဲ့မိတယ်။

"မင်းကြီး တပတ်လောက် အိပ်စက်နေလိမ့်မယ်။ပြီးတော့ နဂါးနန်းဆောင်ထဲ ဘယ်သူ့ကိုမှ ပေးမဝင်စေနဲ့။ အိမ်ရှေ့စံအပါအဝင်
ဘယ်သူမှ ဝင်လို့မဖြစ်ဘူး ကြားလား။"

တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed) Tempat cerita menjadi hidup. Temukan sekarang