Ep(71)😘

3.3K 269 11
                                    

တိတ်ဆိတ်တဲ့ညလေအေးတွေကြောင့်..
လေသာပြတင်းတံခါးရဲ့ ရိုက်ခတ်နေမှုက
ရုတ်တရက် အိပ်ပျော်နေသူကို ခြောက်ခြားစေပြန်တယ်။

ချယ်ရီတွေဝေနေတဲ့ အပင်အိုဟာ..
သူ့ရဲ့ပွင့်ချပ်တွေကို ကာကွယ်နေပေမဲ့ ခြွေယူသွားတဲ့လေပြေညှင်းကြောင့် မြေခနေရတဲ့ ပန်းပွင့်လေးများကမြေပေါ်မြက်ခင်းမှာ
ပြန့်ကျဲလို့နေရှာပြီ။

တရေ့ရေ့..တက်လာတဲ့ တိမ်ညိုတိမ်မဲတွေကြောင့် ..သူနဲ့အတူ ကောင်းကင်ရဲ့မြည်ဟီးသံကထပ်ကြပ်မကွာပေ..

"ဂျိမ်း..ဂျိမ်း..ဂျလိန်း.."

မိုးခြိမ်းသံကြောင့် ဝေ့ရင်းလန့်နိုးသွားမိတယ်။

'ဟင် မိုးတွေမည်းမှောင်နေတာပဲ..
ငါအိပ်ပျော်နေတာပဲ..မဖြစ်ဘူး.ဒီညထွက်ပြေးရမယ်။'

ဝေ့ရင်း သူထလာပေမဲ့.. ဝါးရုံတောဘေးကအဖြတ်..ငိုသံတခုကို သူကြားဖြစ်အောင်ကြားလိုက်မိတယ်။

"ဟင့်...သမီးငယ်..ဟင့်..အမေ့တောင်းပန်ပါတယ် အမေ့ဆီပြန်လာပေးပါ။"

ဝမ်းနည်းစွာငိုကြွေးနေတဲ့ မိခင်ဖြစ်ဟန်တူတဲ့ အမျိုးသမီးကြီးဟာ နျဲ့သခင်ကြီးရဲ့ အငယ်ဆုံးမိန်းမဖြစ်သည်။

မနေ့ညက ပျောက်သွားတဲ့ မိန်းမပျိုထဲက
တစ်ဦးဟာ နျဲ့သခင်ကြီးရဲ့ အငယ်ဆုံးသမီးလေးဖြစ်တယ်။
နျဲ့ရင်းမိန်းကလေးပေ။

ဝေ့ရင်း ထိုမိန်းမကြီးနားကပ်သွားပြီး..နှစ်သိမ့်ပေးမိပြန်တယ်။"မငိုပါနဲ့ ဒေါ်ဒေါ်ရယ်
ကျွန်တော် ဒေါ်ဒေါ်ရဲ့ သမီးလေးကို ပြန်ရှာခဲ့ပေးမယ်နော်.."

ထိုမိန်းမကြီးရဲ့ ဝမ်းနည်းပူဆွေးခြင်းမျက်ရည်တွေကို ဝေ့ရင်းသုတ်ယူလိုက်တယ်။နောက် ပုလင်းလေးတခုထဲ ထည့်ပြီးသိမ်းထားလိုက်ပြန်တယ်။

မျက်ရည်စက်နှစ်စက် ကျန်ရှိနေသေးတယ်
အချိန်က တပတ်အတွင်းပဲရမှာ..
ဝေ့ရင်း..ထိုမိန်းမကြီးကို သေချာအဆောင်ထဲပြန်ပို့ပေးပြီး..သူထွက်ပြေးရပြန်ပြီ။
အတောင်ပံဖြူဖြူတွေကို ဖြန့်ကားလိုက်ပြီး
ကောင်းကင်ပေါ်ကပဲ ထွက်ပြေးခဲ့လေတယ်။

တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed) Where stories live. Discover now