ခွန်လွန်တောင်စွယ်တွေကြား ကြီးမားတဲ့ရေကန်ကြီးတခု ရှိတယ်။တိတ်ဆိတ်ငြိမ်သက်ပြီး သက်ရှိအပေါင်း မှီခိုနေရတဲ့ ရေအရင်းအမြစ်ပေ...
ဤသည်ကာ နတ်ရေကန်သာဖြစ်သည်။စိမ်းလဲ့ပြာ ရေကြည်တွေက ကောင်းကင်မိုးသားနဲ့ ပုံစံတူ ပန်ချီပမာ..
ထိုနတ်ရေကန်ကို နဂါးမျိုးနွယ်ဝင်တွေက
စောင့်ကြပ်ကြည့်ရှု့ရတဲ့တာဝန်ရှိပြန်တယ်။နတ်မင်းဖြူဟာ..ခွန်လွန်တောင် နတ်မင်းစိမ်းနဲ့ ခင်မင်သူပါ။မိုးနတ်မင်းက အနှီးနတ်မင်းနှစ်ပါးကို သူတော်စင် တောင်စွယ်နှစ်ခုမှာ စောင့်ကြပ်တာဝန်ပေးခဲ့ခြင်းပေ။
"သန့်စင်ခြင်း၊ မွန်မြတ်ခြင်း ၊ စွန့်လွှတ်ခြင်း"
ဟူ၍ အဓိဌာန် သုံးရပ်ကို ချမှတ်ထားသေး။
တောင်စွယ်တွေဟာ မျက်နှာချင်းဆိုင်တည်ရှိပေမဲ့ အလှမ်းဝေးလွန်းတဲ့ ယူဇနာတွေနဲ့ပါ။အမြင်မှာတော့ နီးတယ်ထင်ပေမဲ့ လက်တွေ့ဆိုရင် ကွာခြားလှတဲ့ အဓိပ္ပါယ်တွေနဲ့ပါ။
သူတော်စင်တောင်တွေမှာ ပညာသင်ကြားရတဲ့ တပည့်တွေဟာ လောကတရားကြီးရဲ့ကောင်းကျိုးကိုသာ ဆောင်ရွက်လုပ်ဆောင်ပိုင်ခွင့်ရှိတယ်။နောက်တခုက ချစ်ခြင်းတရားတွေနဲ့ ဝေးအောင် ရှောင်ဖယ်နေရပါတယ်။
ချစ်ခြင်းတရားကြောင့် နတ်ဖြစ်ရန်ကျင့်ကြံမှုများ ကျင့်ကြံရာလမ်းစဥ် လွဲမှားသွားရင် ထိုလူကတော့ စိတ်ဖောက်ပြန်ရူးသွပ်သွားရမယ်မဟုတ်လား။
ဒါကြောင့် အကြီးအကဲ နတ်မင်းနှစ်ပါးဟာ
ပညာသင် တပည့်တွေကို တောင်တော်ကနေ မည်သည်အရပ် မည်သည့်ဒေသကိုမှ
ပေးမသွားကြပေ။သူတော်စင်တောင်တော်ကိုလည်း အစီအမံတွေနဲ့ တံတိုင်းများ ကာဆီးထားရခြင်းတခုဖြစ်တယ်။
ချီရှားချီ ကတော့ ချွင်းချက်ပေ..နန်းမြို့တော်ကို သူ့မှာ သွားပိုင်ခွင့်ရှိတယ်။ကျင့်ကြံသူအဆင့်ကကျော်လွန်သွားပြီး ခုချိန်မှာသူက နတ်ဆေးသမားတော်အမှန်ဖြစ်နေပြီလေ....
မကြာခင်မှာ ကောင်းကင်မြို့တော်က
ဆင့်ခေါ်ခြင်းကိုခံရတော့မဲ့သူပါ"အားချင့်"ကြောင့်..
သူ့ရဲ့ညီမအတွက်နဲ့ မင်းသားလေး အားရှန့်ကို ဘယ်လိုမျက်နှာပြရမယ်မသိပေ။
ESTÁS LEYENDO
တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed)
Ficción históricaနန်းတွင်း ပုံစံရေးပေးသွားမှာပါ စိတ်ကူးယဥ်သက်သက်ပါ။🚫++အနည်းငယ်ပါဝင်ပါတယ်။ ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူများသာဖြစ်သည်။တစုံတစ်ဦးထိခိုက်နစ်နာစေလိုခြင်း လုံးဝမရည်ရွယ်ပါ။