အိပ်မက်ဆိုးတွေမက်နေတယ်လို့ပဲ ဝေ့ရင်းထင်နေခဲ့တာ။သူနိုးလာတော့..ကျွင်းအော်ကိုမတွေ့ "သားတော်..ငါ့သားတော်ရော..
လန်ကိုကိုလေး။"သို့သို့ပြောပြထားလို့ လန်ကျန့်က အကြောင်းစုံ သိနေပေမဲ့ ဝေ့ရင်းကတော့ ဘာမှမသိရှာပေ။
"ဝမ်ဖေးဝေ့..ဒါက ကျွင်းအော်ပေးထါးခဲ့တာ
သို့သို့ကိုမှာသွားတယ် ဒီပုလဲနက်က ဝမ်ဖေးအရမ်းလိုချင်နေတဲ့ပစ္စည်းဆိုတာ..
ပြီးတော့ ကျွင်းအော်က ခရီးထွက်သွားတယ် ဘယ်ကိုခရီးထွက်သလဲဆိုတာတော့
သို့သို့ကိုလည်းပြောမသွားဘူး။""သို့သို့ပြန်လိုက်ပါအုံးမယ်...ဝမ်ဖေးနဲ့အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်။"
နဂါးမလေးသို့သို့ပျောက်ကွယ်သွားတာနဲ့
နဂါးနန်းဆောင်ကြီးတိတ်ဆိတ်သွားပြန်တယ်။ရေတိုင်းပြည်ရဲ့ရေနန်းတော်မှာတော့
ချစ်ရသူကို ရင်ထဲပွေ့ဖက်ထားပြီး ရင်ထဲလှိုက်ဖိုစွာငိုကြွေးနေတဲ့ ရေနတ်အရှင်ဝူဖန်။"ဝူဖန် ဘာလို့ငိုနေရတာလဲ။"
"ရှောင်ဝေ မင်းဘာလို့ ဒီလိုလုပ်ရတာလဲ။
ငါ့ကိုမတိုင်ပင်ပဲ ခုလိုမျိုးမလုပ်သင့်ဘူးလေ
ငါမင်းကို ကူညီပေးမှာပေါ့ ခုတော့..ခုတော့""ငါကျေနပ်တယ်.. ဝူဖန်
အနည်းဆုံးတော့ ငါ့မယ်တော်နဲ့ခမည်းတော် အတူရှိနေခွင့်ရှိတယ်လေ..""ငါ့ကို ဒီမှာခဏတာနေခွင့်ပေးပါ ငါ့မယ်တော်နေသားကျသွားတဲ့အချိန်ရောက်ရင် ငါပြန်မှာပါ ဝူဖန်။"
"ဟင်အင်း.. ငါမင်းကို တသက်လုံးစောင့်ရှောက်ရလည်းအကြောင်းမရှိဘူး။မင်းကို
ဒီအတိုင်းကြီးတော့ ငါသွားခွင့်မပြုနိုင်ဘူး။""ဝူဖန် ငါ့ကို ဂူးဂူးအကြောင်းစုံစမ်းပေးပါလား။ပြီးတော့ ငါ့မယ်တော်ကိုလုပ်ကြံတာ
ငါသိတယ် ဂူးဂူးပဲဖြစ်မယ်ဆိုတာ။""ငါစုံစမ်းပေးမယ်ရှောင်ဝေ..အမှန်တကယ်သာ
မင်းရဲ့ဂူးဂူးဆိုရင် သူ့ကိုငါကိုယ်တိုင်အပစ်ပေးမယ်။ဘယ်သူ့မှ သူ့ကိုမကယ်နိုင်အောင်ငါလက်စားချေပေးမယ်။
အရာရာခွင့်လွှတ်နေတဲ့မင်းကိုကြည့်ပြီး
ဒီတကြိမ်တော့ ငါမင်းကိုဖျောင်းဖျပါရစေ။
ရှောင်ဝေ မေတ္တာစေတနာက ထိုက်တန်တဲ့သူပဲ ခံစားပိုင်ခွင့်ရှိတယ်။
မင်း.. နားလည်ရဲ့လား။"
BINABASA MO ANG
တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed)
Historical Fictionနန်းတွင်း ပုံစံရေးပေးသွားမှာပါ စိတ်ကူးယဥ်သက်သက်ပါ။🚫++အနည်းငယ်ပါဝင်ပါတယ်။ ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူများသာဖြစ်သည်။တစုံတစ်ဦးထိခိုက်နစ်နာစေလိုခြင်း လုံးဝမရည်ရွယ်ပါ။