Ep(3)😘

19.9K 1.2K 39
                                    

မိုးတွေစိုနေတဲ့ ကောင်လေးကိုကြည့်မိပြန်တော့ အနီရောင်ဝတ်စုံနဲ့မို့.."မင်းကဘယ်သူလဲ"လို လန်ကျန့်မေးမိလိုက်တော့တယ်။

ထိုစကားကြားတာနဲ့ မိုးကလည်း ခြိမ်းလိုက်တဲ့အတွက် လန်ကျန့်ရင်ခွင်ထဲကို နင်းကန်တိုးဝင်ပြီး "ကြောက်တယ်..ကြောက်တယ်.."
ဂျိမ်း..ဂျလိန်း...အုန်း..ဆိုတဲ့အသံတွေနောက်..ငိုနေတဲ့ရင်ခွင်ထဲကကောင်လေးကြောင့် လန်ကျန့် အမြန်ထလိုက်ပြီး အရိပ်မိုးရှိရာဝင်ခိုနေကြလေတယ်။

ထိုကောင်လေးရဲ့ မျက်နှာတွေက ဖြူစုပ်စုပ်နဲ့သွေးပင်မရှိတော့သည့်အလား..
နှုတ်ခမ်းဖူးဖူးလေးတွေကတုန်ယင်လို့နေသေး။

မိုးရေတွေကြောင့်ထင်ပါရဲ့ ချမ်းခိုက်နေတာ တုန်တုန်နေတဲ့ကိုယ်လုံးလေးကရေစိုနေတဲ့အလှတရားနဲ့အတူ ဖြူဝင်းနေတဲ့အသားအရေနဲ့လိုက်ဖက်မှုရှိလှတယ်လေ။

လန်ကျန့် ထိုကောင်လေးကို သေချာမေးပြန်တယ်.".မင်းက ဘယ်ကလဲ..ညကြီးမိုးချုပ် နန်းတော်ထဲ ဘာလို့ရှောက်သွားနေရတာလည်း။"

လန်ကျန့်ကို မရဲတရဲနဲ့ပြန်ကြည့်လာရင်း..
"ထွက်ပြေးလားတာ.."

"ဘယ်သူတွေလိုက်နေလို့မင်းက ထွက်ပြေးရတာလည်း ဒီလောက်ညနက်နေတာ။"

"ဟို..ဟိုလေ.."
"ကြင်ယာတော်နန်းဆောင်ကနေထွက်ပြေးလာတာ..ဒီည အရှင်က ဝေ့ရင်းကို တစ်ခုခုလုပ်မှာကြောက်လို့ ပြီးတော့ ဝေ့ရင်းဒီမှာ
မနေနိုင်ဘူး..ဒါကြောင့်ထွက်ပြေးလာတာ။"

"ခုချိန်ဆိုရင် အပျိုတော်တွေနဲ့ရဲမက်တွေက ဝေ့ရင်းကိုလိုက်ရှာနေလောက်ပြီထင်တယ် ဝေ့ရင်းမြန်မြန်ပြေးမှရမယ် မဟုတ်ရင်အဖမ်းခံရလိမ့်မယ်။"

လန်ကျန့် ပြုံးမိသွားတယ်.. 'အဟက်မင်းကငါ့ရဲ့ကြင်ယာတော်ကိုး..ပြေးလို့မလွတ်ပါဘူး ငါ့လက်ကနေ..
ငါက မင်းကိုတော်ကောက်ထားမှတော့ မင်းရဲ့အလှအပတွေနဲ့အသွေးအသားတွေကို ဒီတိုင်းအလှမကြည့်နိုင်ပါဘူး ဒီတော့
တွေ့ကြသေးတာပေါ့။'

"ဒါဆိုရင် ငါကူညီပေးမယ် ငါနောက်ကလိုက်ခဲ့။"
လန်ကျန့်ရဲ့စကားကိုယုံပြီး လိုက်သွားတဲ့ဝေ့ရင်း အစားခံရမှာသိရင် ဘယ်လိုလုပ်လိုက်ပါ့မလဲ ခုတော့ သေချင်တဲ့ကျားတောပြောင်းဆိုသလို ဝေ့ရင်းအဖြစ်ကအဲ့လိုဖြစ်နေရပြီလေ။

တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed) Where stories live. Discover now