အမတ်ကြီးသောင်းကျန့်ဝေကတော့ လန်မင်းကြီးရဲ့အချစ်ကြီးပုံကို သဘောကျနေပေမဲ့...သူ့ရဲ့သားအတွက်တော့ ပူပန်နေမိတာအမှန်ပဲ။
"ဝေ့ရင်းလေးက ကလေးဆန်တယ် မင်းကြီး
ပြီးတော့ ကျွန်တော်မျိုးငယ်ငယ်တည်းကအလိုလိုက်ထားမိတဲ့အတွက် မင်းကြီးကိုအနည်းငယ် စိတ်ပျက်စေမိပြီ။""ကိုယ်တော် ဗွေမယူပါဘူး အမတ်ကြီး...
ဝမ်ဖေးကို ကိုယ်တော်နှစ်သက်သဘောကျမှတော့ ပြုပြင်ပြောင်းလဲပေးရမှာ ကိုယ်တော်ရဲ့တာဝန်ပဲလေ ကိစ္စ မရှိပါဘူး။""မင်းကြီးဘက်က သဘောထားကြီးပေးတဲ့အတွက် ကျွန်တော်မျိုး ကျေးဇူးတင်မိပါတယ်။"
"ဒါနဲ့ မင်းကြီး နောက်လနွေဦးမရောက်ခင်မှာ တော်ဝင်စာမေးပွဲကြီး ကျင်းပပေးရမဲ့အချိန်ပဲ။အနယ်နယ် အရပ်ရပ်က စာပေသ
မားတွေ လာရောက်ဖြေဆိုမဲ့ပွဲဖြစ်တဲ့အတွက်အဲ့ဒီဖြေဆိုသူထဲက အတော်ဆုံးကျောင်းသားကို ရွေးချယ်ရမှာ။
အနားယူကြတော့မဲ့ အမတ်ကြီးတွေရဲ့နေရာမှာ တာဝန်အပ်နှင်းပေးရမှာမို့ ဒီကိစ္စကလည်း အရေးပါလှတယ်။""ကိုယ်တော် သဘောပေါက်တယ် အမတ်ကြီး။အမတ်ကြီးက စာပေအမတ်ကြီးပဲ ဒီတော့ ပညာရေးပိုင်းဆိုင်ရာတွေကို ကိုယ်တော့်ဘက်က အစစအရာရာ တာဝန်ပေးအပ်တယ်။
ဒီတော့ ဒီအပိုင်းကို အမတ်ကြီးကပဲ တာဝန်ယူလုပ်ဆောင်ပေးပါ။""အမိန့်တိုင်းပါ မင်းကြီး။"
"ကောင်းပြီ အမတ်ကြီး စကားကောင်းနေကြတာ နေတောင်အတော်လေးကျနေပြီပဲ
ဒီတော့ ကိုယ်တော်နဲ့ဝမ်ဖေးတို့ ပြန်ချိန်သင့်ပြီ။""မော့ကုန်းကုန်း.. ဝမ်ဖေးကို ပင့်ဆောင်ပါ။"
"ဟုတ်ကဲ့..မင်းကြီး။"
ဝေ့ရင်းကတော့ စားသောက်ပြီး အမဖြစ်သူရဲ့ပေါင်ပေါ် ကလေးတစ်ယောက်လို အိပ်မောကျနေပြန်ရဲ့။
"မိန်းကလေးရန်..ဝမ်ဖေးအိပ်ပျော်နေတာလား။"
"ဟုတ်တယ်..မော့ကုန်ကုန်း.."
"ဒါဆိုရင် အရှင့်ကိုပဲ လာခေါ်ခိုင်းတော့မယ်
ကျွန်တော်လိုအိုကြီးအိုမက ဝမ်ဖေးကို ခေါ်ဆောင်နိုင်မယ်မထင်ဘူး။"
ESTÁS LEYENDO
တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed)
Ficción históricaနန်းတွင်း ပုံစံရေးပေးသွားမှာပါ စိတ်ကူးယဥ်သက်သက်ပါ။🚫++အနည်းငယ်ပါဝင်ပါတယ်။ ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူများသာဖြစ်သည်။တစုံတစ်ဦးထိခိုက်နစ်နာစေလိုခြင်း လုံးဝမရည်ရွယ်ပါ။