လန်ကျန့်ကတော့ ဝေ့ရင်းပြန်မလာသေးလို့ နန်းရင်ပြင်ကနေ မခွာနိုင်ရှာ...
ဝမ်နင်မှာတော့ လန်မင်းကြီးကိုမနည်းဖျောင်းဖျနေရရှာတယ်.."အရှင်မင်းကြီး
နန်းဆောင်ဆီပြန်ပြီး နေမှဖြစ်မယ်။
အခု နေရဲ့အလင်းရောင်က လုံးဝထွက်မလာသေးဘူး မင်းကြီးအတွက် စိုးရိမ်လို့ပါ
ကျွန်တော်မျိုး တောင်းဆိုအပ်ပါတယ်။""ငါမသွားနိုင်ဘူး..ဝမ်ဖေးနဲ့ ငါ့သားတော်
ပြန်မလာမချင်းငါမသွားဘူး။ဒီမှာပဲ စောင့်နေမှာ...ကိုယ်ရံတော်ကြီး။"ပြည်သူပြည်သားများနဲ့ အမတ်တွေကတော့ သူ့တို့ရဲ့အိမ်ရှိရာကို အလျှိုလျှိုပြန်သွားကြပါပြီ...ခေါင်းမာတဲ့ လန်မင်းကြီးကသာ ထိုနေရာမှာ မလှုပ်မယှက်နဲ့ထိုင်နေဆဲပါ။
မိုးနတ်မင်းရဲ့စကားတွေကိုကြားပြီး ဝေ့ရင်း သူ့သားလေးရဲ့မျက်နှာကိုပြန်ကြည့်ကာ အရင်ကထက်သနားစိတ်ပိုဝင်လာပြန်တယ်။
'လူယုတ်မာတွေလက်ထဲ သားလေးရောက်မသွားတာပဲ ကံကောင်းလှပြီ' ဒီလောက်ဆိုရင် ဝေ့ရင်း သူ့သားငယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ အဖြေသိနေပြီလေ...
ဒေါသတွေကို ပြန်မြိုသိပ်ရင်း "မိုးနတ်မင်းကို နှုတ်ဆက်ပါတယ် ဝေ့ရင်းပြန်တော့မယ်..."
စကားပြောပြီးတာနဲ့ သားငယ်ကို ရင်ဝယ်ပိုက်ပြီး ကောင်းကင်မြို့တော်ကနေ ပြန်ဆင်းသက်လာတော့သည်။
"စဲ့ပေါင် ငါ့ရဲ့နန်းဆောင်ထဲ တခြားလူမဝင်တာသေချာပါတယ်နော်"
"သေချာပါတယ်.. သခင်မ ယဲ့ရှန်း..."
သူ့အိပ်ဆောင်အတွင်း လျှိုဝှက်တံခါးပေါက်ရှိရာဆီ ဝင်သွားခဲ့တဲ့ သူမ..
ထိုတံခါးအတွင်းမှာတော့ မိစ္ဆာကြေးမှုံကြီးတခုရှိပြီး ရေတွေနဲ့ပြည့်နေတဲ့ ဟစ်လင်းပြင်ကြီးကိုတွေ့မြင်ရမှာပါ။
ဒါကတော့ စိတ်အာရုံစက်ကွင်းထဲဝင်ရောက်သွားတာပဲဖြစ်ပါတယ်။ရေပြင်ပေါ် သူမလမ်းလျှောက်လို့ရတယ်
မှော်ကြေးမှုံကြီးရှိရာဆီ လှမ်းလာခဲ့တဲ့သူမ.."ငါ့နန်းဆောင်ထဲ ဘယ်သူခိုးဝင်သလဲဆိုတာ ငါ့ကိုပုံဖော်ပြစမ်းပါ...မှန်မိစ္ဆာကြီးရယ်။"
YOU ARE READING
တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed)
Historical Fictionနန်းတွင်း ပုံစံရေးပေးသွားမှာပါ စိတ်ကူးယဥ်သက်သက်ပါ။🚫++အနည်းငယ်ပါဝင်ပါတယ်။ ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူများသာဖြစ်သည်။တစုံတစ်ဦးထိခိုက်နစ်နာစေလိုခြင်း လုံးဝမရည်ရွယ်ပါ။