Ep(5)😘

18.2K 1.2K 83
                                    

ဝေ့ရင်းမှာတော့ နဂါးနန်းဆောင်ထဲမှာပဲ သတိလစ်လစ်နဲ့ရှိနေခဲ့တာ သုံးရက်ဆက်တိုက်ပေ...

ဝေ့ရင်းအနားမှာ ခစားဖို့ထားပေးထါးတဲ့
အစေခံပေါင်း အနည်းဆုံးအယောက် ငါးဆယ်ခန့်ရှိတယ်။

သမားတော်နန်းဆောင်မှာလည်း ဆေးကျိုရသူတွေအလုပ်အများရဆုံးရက်ပေ..ဘာကြောင့်ဆို ကြင်ယာလေးသတိမရမခြင်း
အားဆေးတွေကျိုရပေါင်းလဲမနည်း..
ဆေးတိုက်ရတော့ ရှင်ဘုရင်အလုပ်ဖြစ်သွားပြီလေ..

သူ့ကြင်ယာတော်ဘေး ဘယ်သူ့ကိုမှအကပ်မခံပါ...ငှက်သိုက်ရည်တချို့ကိုသူ့နှုတ်ခမ်းတွေနဲ့ငုံထွေးပြီး ဝေ့ရင်းနှုတ်ခမ်းတွေဆီလွှဲပြောင်းပေးကါ ဆေးရော အားဆေးကိုရော ဒီနည်းလမ်းအတိုင်းသောက်စေခဲ့ပါတယ် အကဲပိုလှတဲ့လန်မင်းကြီးပေါ့။

ဝေ့ရင်းကတော့ သတိမရသေး..
ဒီလိုနဲ့...
ဒီနေ့ညလယ်လောက်မှာတော့..လန်ဧကရာဇ်ကတော့ အမတ်တွေရှောက်တင်ထားတဲ့ စာတချို့ကို ဖတ်ရှု့နေပြီး..တိုင်းရေးပြည်ရာများကို စီမံဖို့ရာအကြံတွေထုတ်ကာ အလုပ်ရှုပ်နေသည့်အချိန်။
ဧကရာဇ် ရဲ့အိပ်ဆောင်ပေါ်မှာတော့ မျက်လုံးတွေဖွင့်ကြည့်လာတဲ့ ဝေ့ရင်း...

နိုးလာတာနဲ့ ဘေးဘီဝဲယာဆီ မျက်လုံးကစားတော့တာပဲ..နောက်မီးရောင်ဖျဖျလေးကိုမြင်ပြီး.. 'ဟင် ငါအခု ဒီနန်းဆောင်ထဲမှာပဲရှိသေးတာလား။'

ဒါပေမဲ့ ဝေ့ရင်းကတော့ အားအင်တွေပြည့်ဝနေသလိုခံစားနေရတယ်...သူ့ကိုယ်ထဲမှာ မရေတွက်နိုင်တဲ့ငှက်သိုက်ရည်တွေရှိတဲ့အတွက် အားအင်ပြည့်ဝရတာမဆန်းပါဘူး။

နိုးနိုးခြင်းပဲ လန်ကျန့်ရှိတဲ့ဆီ ဆင်းလာတဲ့
ဝေ့ရင်း...

လန်ကျန့်ကလည်း နားလျှင်ပါတယ် သူ့ရဲ့နောက်ကျောဘက်ဆီ လှည့်ကြည့်လာတော့
ဝေ့ရင်းကိုမြင်သွားတော့တယ်။

"သတိရလာပြီလား...သေသွားပြီထင်နေတာ..သတိလစ်ရအောင်မင်းက အဲ့လောက်ထိပျော့ညံ့ရလား။"

ဆီးပြီးပြောလိုက်တဲ့ စကားကြောင့်..
"အရှင်"
"ဝေ့ရင်းတောင်းပန်ပါတယ်.. နောက်ကိုမဖြစ်စေရပါဘူး။"

တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed) Where stories live. Discover now