ရာသီတွေအလီလီပြောင်းလဲနေခဲ့တယ်
မိုးကုတ်စက်ဝိုင်းကြီးအောက် လူသားတွေ
မွေးဖွားခြင်းနဲ့သေဆုံးခြင်းကို မဖြစ်မနေကြုံနေရတာ လောကတရားကြီးရဲ့စည်းကမ်းတစ်ခုပဲလေ..ရှင်သန်ခြင်းသေဆုံးခြင်းဆိုတဲ့ တံခါးချပ်ရဲ့နောက်ကွယ်မှာ ဆန်းပြားတဲ့လျှို့ဝှက်ချက်တွေ တပုံကြီးပါ။
ခုဆိုရင် ဆယ်နှစ်ဆိုတဲ့အချိန်တခုကို ကျော်လွန်လာပြီဖြစ်လို့ ဝေ့ရင်းလည်း
အတော်လေးအာရုံစိုက်နေရတယ် လန်ဝေကျွင်းလေးကို။လန်မင်းကြီးကတော့ ခုတလော ကျန်းမာရေး သိပ်မကောင်းခဲ့ပေ။ဒါကြောင့်
ဧကရီဝေ့ကသာ တိုင်းရေးပြည်ရာများကို
စီမံအုပ်ချုပ်နေရတယ်။နေလအရံအတားကြောင့် လန်နန်းတော်ကြီးဆီ ဝင်ရောက်ခွင့်မရတဲ့ ချူရန်ရှစ်ဟာ..
ဒေါသအမျက်ကြောင့် နေစဥ် လူသား
၅ယောက်ရဲ့အသက်ကို ဇီဝိန်ခြွေယူခဲ့တယ်။
ဆိုးသွမ်းလှတဲ့ချူရန်ရှစ်ကိုဖမ်းဆီးစေရန်
မိုးနတ်မင်းက လောကနတ်မင်းကို လူ့ပြည်ကိုစေလွှတ်ခဲ့ရှာတယ်။ခုဆိုရင် နှစ်ပေါင်း ၁၅နှစ်အထိ ချူရန်ရှစ်ကို လောကနတ်မင်းက ခြေချုပ်မန္တာန်နဲ့
ဖမ်းဆီးနိုင်ခဲ့တာကြောင့် ..ချူရန်ရှစ်ရဲ့နောက်လိုက်တွေမှာ လွတ်ရာပြေးပုန်းခဲ့ပြန်ပြီလေ..သူတို့တွေကို ပြန်ဖမ်းမိရင် နောက်ထပ်လွတ်မြောက်ဖို့ ကူညီသူမရှိတာသိတဲ့နောက်..ကိုယ်လွတ်ရုန်းရခြင်းပါ။
ဝေ့ရင်းကတော့ လန်ဝေကျွင်းလေးနဲ့ ဉယျာဥ်ငယ်ထဲမှာ ဆော့နေရှာပါတယ်..
ခမ်းနားလှတဲ့ လန်နန်းတော်ကြီးမှာတော့
နေလအရံအတားကို စီမံရေးဆွဲပေးသူက
ဝေ့ရင်းကိုယ်တိုင်ပေ။အိမ်မက်တခုမှာ ဝေ့ရင်းရဲ့မယ်တော်က
ရေးဆွဲနည်းလာရောက်ပြောပြခဲ့တာကြောင့် ဝေ့ရင်းလည်း နေလအရံအတားကို ရေးဆွဲနိုင်ခဲ့ခြင်းဖြစ်တယ်။အသက် ၁၅နှစ်အရွယ် အိမ်ရှေ့စံ လန်ဝေကျွင်းလေးဟာ ချောမောလှပရှာတယ်။
ဒါပေမဲ့ စကားမပြောဘူး။
လုံးဝကိုစကားမပြောတာ သူ့မယ်တော်ဝေ့ရင်းက နည်းလမ်းမျိုးစုံသုံးပြီးကုသပေးတယ်။ ဒါပေမဲ့မရ လန်ဝေကျွင်းလေးက စကားတစ်ခွန်းမှမဟခဲ့။
ESTÁS LEYENDO
တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed)
Ficción históricaနန်းတွင်း ပုံစံရေးပေးသွားမှာပါ စိတ်ကူးယဥ်သက်သက်ပါ။🚫++အနည်းငယ်ပါဝင်ပါတယ်။ ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူများသာဖြစ်သည်။တစုံတစ်ဦးထိခိုက်နစ်နာစေလိုခြင်း လုံးဝမရည်ရွယ်ပါ။