Ep(92)😘

3K 215 25
                                    

အိပ်မက်ကလန့်နိုးလာခဲ့ပြီး ညအချိန်ရောက်နေတဲ့အခါ..ကျွင်းအော်
မယ်တော်နဲ့ခမည်းတော်ရှိရာ ဂါဝရပြုရန်အတွက် နဂါးနန်းဆောင်ရှိရာဆီ ထွက်လာခဲ့မိတယ်။

လမ်းမှာ မော့ကုန်းကုန်းနဲ့ဆုံမိပြန်တော့..
"အိမ်ရှေ့စံလေး..ပြန်ရောက်နေပြီပေါ့.."

"ရှူး..တိုးတိုးနေပါ မော့ရန်ကုန်းကုန်းကြီး
မယ်တော်နဲ့ခမည်းတော်ကို ဝမ်းသာစေချင်လို့ပါ အသံကျယ်ကျယ်အော်မနေနဲ့ ကြားသွားပါအုံးမယ်။"

"ဟီးဟီးဟီး.. ကျွန်တော်မျိုးက ရုတ်တရက်
ဝမ်းသာလုံးဆို့သွားလို့ပါ..အိမ်ရှေ့စံ။"

"ခုကဘယ်သွားမလို့လည်း..မော့ရန်ကုန်းကုန်းကြီး။"

"အချိုပွဲသွားပြင်မလို့ပါ..အိမ်ရှေ့စံ။"

"ဒါဆိုရင် ကိုယ်တော်သွားနှင့်မယ်နောက်က
နေအချိုပွဲယူပြီးအမြန်လိုက်လာခဲ့ မကြာစေနဲ့နော်။"

"အမိန့်တိုင်းပါ.. အိမ်ရှေ့စံ.."

နဂါးနန်းဆောင်တံခါးကို ဖွင့်ပြီးအဝင်..
"မယ်တော်..ခမည်းတော်..ကျွင်းအော်ပြန်လာပြီ။"
ဝင်ကတည်းက အသံဆာဆာနဲ့
မို့ ဝေ့ရင်းတစ်ယောက် အိပ်နေရာမှလန့်နိုးသွားရှာတယ်။

"ဟင်..သား..ငါ့သားတော်ပြန်လာပြီပေါ့.."

ကုတင်ပေါ်က ဆင်းမယ်လုပ်ကာမှ စောင်နဲ့ခြေထောက်ငြိပြီး ဘေးကပြန်တမ်းစာရေးနေတဲ့လန်ကျန်ရဲ့ကျောပြင်ပေါ်မှောက်ရက်လဲတဲ့ဝေ့ရင်း...

လန်ကျန့်ရဲ့မျက်နှာ မှင်ရည်တွေပေပွလို့နေပြန်တယ်။
ဝေ့စပ်စလူး..သူ့အင်ကျီလက်တွေနဲ့အမြန်သုတ်ပေးနေပေမဲ့ ထုံးစံအတိုင်း မှင်ရည်ကမပြောင်ပဲ အရင်ကထက် ပိုပေပွနေတော့တယ်။

ခုဆိုရင် လန်ကျန့်ရဲ့မျက်နှာရော ဝေ့ရင်းရဲ့
မျက်နှာရော မှင်ရည်တွေလူးလို့..
(အတော်လှမှာပဲ😂)

ကျွင်းအော်ကတော့ အော်ရယ်နေပြန်တယ်
"မယ်တော်ရင်း...ခိခိခိခိ..ဟီးဟီး"
(ဝေ့ရင်းမျက်နှာကြည့်ပြီးတော့)😆😆

"ခမည်းတော် ခွီးးးးဟီးဟီးဟီး"

"ဝေ့ရင်း..ဒီနေ့ သုတ်လို့ပြောင်အုံးမှာလား။"

တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed) Donde viven las historias. Descúbrelo ahora