Ep(97)😘

3.5K 220 11
                                    

ဝေ့ရင်းသူ့ရဲ့မျက်လုံးတွေကိုမှိတ်ပြီး ကန်ရဲ့တံတားအစွန်းကနေ ခုန်ချခဲ့ပေမဲ့ ရေထဲမကျခဲ့...ကြာကန်ထဲကနေ ကလေးငိုသံကြားပြီး ဝေ့ရင်းပတ်ရှာနေခဲ့ပြန်တယ်။
ညနေ အချိန်အခါကြီးမှာ နေဝန်းက ဝင်စပြုတော့မယ်။

သူတစ်ယောက်တည်း အလုပ်ရှုတ်နေခဲ့တယ်။
ကြာပန်းအဖူးက ကြီးလွန်းတဲ့အတွက် ထိုကြာပန်းကို ဝေ့ရင်းမသင်ကာပေ။
ကလေးသံကြားရင် သူ့သားတော်လို့ပဲထင်မှတ်ထားတဲ့ဝေ့ရင်း...
မရမက အဲ့ဒီကြာပန်းနားကို တိုးကပ်သွားတော့တယ်။

ကြာကန်ထဲကို သူဘယ်လိုမှဆင်းလို့မရလို့
ဝေ့ရင်းအကြံထုတ်ရပြန်ပြီ...

နူဝါခရမ်းပြာကျောက်က..အရံအတားလုပ်ထားတဲ့အတွက် ကြာကန်ထဲဆင်းလို့မရခြင်းပါ..ပုလဲနက်က ရေအောက်ရတနာပစ္စည်းဖြစ်လို့ ရှားပါးမှော်လက်နက်ပဲ..
ဝေ့ရင်းသူ့ခါးကြားထဲက ပုလဲနက်ကိုထုတ်ပြီး ကြာကန်ထဲပစ်ချလိုက်တော့တယ်။
အဲ့ဒီနောက်..သူကြာကန်ထဲဆင်းပြန်တယ်။

ကြာနွယ်တွေက သူ့ကိုရစ်ပတ်လာပြန်ရော...ဒါလဲ သူဂရုမစိုက်.. ပန်းနားရောက်အောင်ကူးခတ်သွားလေတယ်။
နူဝါကျောက်အရံအတားက ဝေ့ရင်းကိုစမ်းသပ်နေခြင်းပါ။
ခုနကကြာပန်းကို ရေကန်အလည်ကို ထပ်ရွေ့လိုက်ပြန်တယ်။
ဝေ့ရင်းဆိုတာ လိုချင်လာရင် ကောင်းကင်ဘုံကမိုးနတ်မင်းတောင်မကြောက်တတ်တဲ့သူ..ဒီလောက်လေးနဲ့နည်းနည်းလေးမှ မမှု့ဘူး။

နောက်ဆုံး ကြာပန်းကြီးကို ဝေ့ရင်းလက်ထဲ ထည့်ပေးလိုက်ရတဲ့အဆင့်ဆိုကတည်းက..ဝေ့ရင်းဘယ်လောက်ခေါင်းမာသလဲဆိုတာ အရှင်းသားပဲ။

တဖြည်းဖြည်းနဲ့နေဝင်ခြင်းက အမှောင်စတွေကို နေရာပေးရင်း...ကောင်းကင်ကြီးထဲ တိမ်မြုပ်ပျောက်ကွယ်သွားလေပြီ..
ဝေ့ရင်းလည်း ကြာပန်းရတာနဲ့ သေသေချာချာလှည့်ပတ်ကြည့်နေရှာတယ်။
ဒီကြာပန်းကဒီလောက်ကြီးတာ သူတခါမှမမြင်ဖူးဘူး။
မကြာခင် လရောင်လေး ထွက်စပြုလာတာနဲ့ ကလေးငိုသံနဲ့အတူ ဝေ့ရင်းလက်ထဲကကြာပန်းဆီမှ ပွင့်အာသွားခဲ့တယ်။
ထိုကြာပန်းပွင့်တဲ့နောက် ကြာကန်ထဲကကြာပန်းအားလုံးသည်လည်းအကုန်ပွင့်ကုန်ပြန်တယ်။
ခုဆိုရင် အလင်းဖျဖျက ဝေ့ရင်းနံဘေးရှိနေပြီး ကြာပန်းထဲက ကလေးငယ်က သူ့ကိုကြည့်နေရှာတယ်။

တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ