ဝေ့ရင်းနဲ့ မလှမ်းမကမ်းမှာရပ်ပြီး အားချင့်
သူ့ဘဝဇာတ်ကြောင်းကို ပြောပြလေတယ်။"ဝမ်ဖေး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက
အရမ်းကိုဆေးကုသကျွမ်းကျင်တဲ့ နတ်ဆေးသမားတော်တွေရှိခဲ့တယ်။
သူတို့တွေက ဆေးကုသမှုအပြင် ခန္ဓာကိုယ်
ပြောင်းလဲခြင်းအတတ်ပညာကိုပါ တတ်ကျွမ်းကြသေးတယ်။"(T/n ခန္ဓာကိုယ် နှစ်ခုကို အလဲအလှယ်လုပ်ခြင်းအတတ်ပညာ မှော်စွမ်းအင်နဲ့ ပြောရမယ်ဆိုရင် ဝိညာဥ်လွှဲပြောင်းခြင်းကိုဆိုလိုတာ)
(("တနေ့မှာ ကောင်းကင်မြို့တော်ကြီးရဲ့နောက်ဆုံးည ကျွန်မ အသက် ၅နှစ်သမီးအရွယ် နတ်ဘုရားတွေနဲ့ သွေးမျိုးဆက်တွေ အပြိုင်စစ်ခင်းခဲ့ကြတယ်။
မင်းသမီးအန်းလော့ရင်းရဲ့ သားတော်ကို
လာရှာကြခြင်းပဲ။
အားရှန့် မင်းသားလေးအားရှန့်..ဟုတ်တယ်။မင်းသားလေးကို ရှာမတွေ့ကြတဲ့အတွက် ကောင်းကင်မြို့တော်က လူတွေအားလုံးကို အန်းရှစ်ဝူက သတ်ပစ်လိုက်တယ်။သူ့ရဲ့မှော်စွမ်းအင်ကိုသုံးပြီးတော့
နောက် ကျွန်မတစ်ယောက်ပဲ ပုန်းနေခဲ့မိတယ် ဒါပေမဲ့ကံမကောင်းခဲ့ဘူး။
ကျွန်မပုန်းနေတဲ့နေရာကို မြင်သွားတဲ့ အန်းရှစ်ဝူရဲ့ တပည့်တွေက ဖမ်းမိသွားကြတယ်။သူတို့ကမေးတယ် မင်းသားလေးအားရှန့်ကို သိလားတဲ့ မြင်မိလားတဲ့။
ကျွန်မမသိဘူးပြောမိလို့ လည်ပင်းအညှစ်ခံလိုက်ရတယ် အဲ့ဒီနောက် ကောင်းကင်မြို့တော်ကနေ ပစ်ချခံလိုက်ရတာပဲ။
ကျွန်မကို သေပြီဆိုတဲ့အထင်နဲ့ပေါ့..အဲ့ဒီနောက်တော့ ဒဏ်ရာတွေအများကြီးနဲ့ ကျွန်မကို အရိပ်သခင်ကြီးချွေ့ယန်က ကယ်တင်ထားခဲ့တယ်။
ကျွန်မရဲ့အသက်ကို ကယ်တင်ပေးရင် ကျွန်မရဲ့အရိပ်ကို ယူပါဆိုပြီးအလဲအလှယ်လုပ်မိခဲ့တယ်။
သခင်ကြီးချွေ့ရဲ့ ခန္ဓာကိုယ်က ပျက်စီးစပြုလာတဲ့အချိန်မှာ ကျွန်မရဲ့ အရိပ်ကိုပေးအပ်ခဲ့တယ်။
သခင်ကြီးနဲ့အန်းရှစ်ဝူနဲ့က အရင်က ရန်ငြှိုးတွေရှိကြပါတယ်။
သခင်ကြီးချွေ့ ဝိညာဥ်နဲ့ ခန္ဓာကိုယ် ကွဲထွက်သွားရတာလည်း အန်းရှစ်ဝူကြောင့်ပဲ
မပြီးဆုံးနိုင်တဲ့ ရန်ကြွေးတွေ သူတို့နှစ်ဦးဆီမှာ ရှိတယ်။
YOU ARE READING
တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed)
Historical Fictionနန်းတွင်း ပုံစံရေးပေးသွားမှာပါ စိတ်ကူးယဥ်သက်သက်ပါ။🚫++အနည်းငယ်ပါဝင်ပါတယ်။ ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူများသာဖြစ်သည်။တစုံတစ်ဦးထိခိုက်နစ်နာစေလိုခြင်း လုံးဝမရည်ရွယ်ပါ။