နဂါးနတ်ဘုရားမဟာ သူမရဲ့အစွမ်းတွေနဲ့
မျက်ရည်စက်များစတင်ရှာဖွေပါတော့တယ်။
အမြင်အာရုံတွေထဲ မျက်ရည်စက်ရရှိမဲ့ အိမ်တော် ၃အိမ်ကို မြင်ပြီးတဲ့နောက်.."ပထမအိမ်တော်..."
ချောင်ဝန်မင်းရဲ့ အိမ်တော်
ချောင်ဝန်မင်းရဲ့ သမီးကြီးရဲ့ မင်္ဂလာအခမ်းအနားပွဲတခုရှိပြန်တယ်။
ဒါက ပျော်ရွှင်ခြင်းမျက်ရည်စက် ရရှိနိုင်စေမှာဖြစ်ပါတယ်။"ဒုတိယအိမ်တော်.."
ဒါကတော့ ချန်းအိမ်တော်ပဲဖြစ်ပါတယ်။
ချန်းအိမ်တော်မှာတော့ ချန်းသခင်မကြီးကသားထွေးလေးမွေးဖွားခြင်းပဲ။
ဒါကတော့ မိခင်ရဲ့ချစ်ခြင်းမျက်ရည်စက်ကို ရရှိနိုင်မှာဖြစ်ပါတယ်။"တတိယအိမ်တော်" ကတော့ မော့အိမ်တော်သာဖြစ်တယ်။မော့သခင်မလေးရဲ့ စျာပနအခမ်းအနားပွဲက အိမ်တော်တခုလုံး ကိုဝမ်းနည်းကြေကွဲခြင်းအတိဖြစ်စေပါတယ်။
ဒီအခြင်းအရာတွေကိုမြင်ပြီးနဂါးနတ်ဘုရားမဟာ သူမရဲ့အစွမ်းတွေနဲ့ အိမ်တော်တခုစီတိုင်းမှာ မျက်ရည်စက်တွေ လိုက်လံယူဆောင်ခဲ့လေတယ်။
မနက်ဖြန်လပြည့်ညမှာ ဝေ့ရင်းရဲ့ နှလုံးအိမ်က ဒဏ်ရာကို ကုစားပေးဖို့အတွက်
ထိုက်ချန်းတောင်ေတာ်မှာရှိတဲ့ နတ်မင်းဖြူထံ ဆေးနည်းသွားရောက်မေးမြန်းခဲ့တဲ့သူမ...နတ်မင်းဖြူရဲ့ အာရုံထဲ... ခွန်လွန်ရဲ့နတ်နဂါး နတ်ဘုရားမသူ့ထံလာရောက်တဲ့အကြောင်းသိမြင်ခဲ့အတွက် စိတ်ညိမ်ဂူထဲမှ ထိုက်ချန်းတောင်တော်ရဲ့ ဘုံကျောင်းကြီးဆီ ရောက်လာခဲ့ရှာတယ်။
"ကျွန်တော်မျိုးမ နတ်မင်းဖြူကို ဂါဝရပြုနှုတ်ဆက်ပါတယ်။"
"နဂါးမယ်တော်က ဝေ့ရင်းကြောင့် ကိုယ်တော့်ဆီ ရောက်လာတာမဟုတ်လား။"
"ဟုတ်မှန်ကြောင်းပါ..."
"မနက်ဖြန်လပြည့်ညဖြစ်တဲ့အတွက် ဝေ့ရင်းရဲ့ နှလုံးအိမ်ဒဏ်ရာကို ကုစားဖို့ပါ။
ဒါကြောင့် ဒီမျက်ရည်သုံးစက်ကို စစ်ဆေးပေးတော်မူပါ။""စစ်ဆေးစရာမလိုပါဘူး..နဂါးမယ်တော်က
တိကျသေချာတဲ့အတွက် ဗီးနပ်စ်ရဲ့သားတော်ကိုကယ်တင်ပေးနိုင်မှာပါ။"
ESTÁS LEYENDO
တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed)
Ficción históricaနန်းတွင်း ပုံစံရေးပေးသွားမှာပါ စိတ်ကူးယဥ်သက်သက်ပါ။🚫++အနည်းငယ်ပါဝင်ပါတယ်။ ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူများသာဖြစ်သည်။တစုံတစ်ဦးထိခိုက်နစ်နာစေလိုခြင်း လုံးဝမရည်ရွယ်ပါ။