ခုဆိုရင် မန်ချူမင်းသမီးနှစ်ပါးဟာ လန်တိုင်းပြည်ကနေ ဝမ်ဖေးမွေးနေ့ပြီးမှ နေရပ်ပြန်ရန် စီစဥ်ထားရှာတယ်။
ခွန်လွန်ရဲ့ နတ်ရေကန်ကြီးမှာတော့
သို့သို့ရဲ့ဒဏ်ရာတွေသက်သာလာလို့ မုံသီဆီ အပူကပ်နေပြန်တဲ့ သို့သို့ကြောင့်..."အေး.ငါလိုက်ပို့ပေးမယ်.."
"ဝမ်းသာလိုက်တာ အကိုမုံသီ.."
မုံသီကိုလှမ်းဖက်လိုက်တဲ့သို့သို့ကြောင့်..
မုံသီရင်ထဲ.. ဒိတ်ဒိတ်..ဒိတ်ဒိတ်နဲ့ မျက်နှာတွေ နီလာတဲ့မုံသီလေး။ဟိုကောင်မလေးကတော့ သဘောရိုးရိုးဆိုပေမဲ့ မုံသီမှာတော့ရင်ခုန်လွန်ပြီးသေရမလို
"အယ်..သို့သို့.. အကို မယ်တော်ဆီခဏသွားအုံးမယ်။"မလှိမ့်တပတ်နဲ့ သို့သို့နားကလစ်ထွက်လာခဲ့ရတယ် မဟုတ်ရင် အမှားတခုခုတော့လုပ်မိမှာ..'ဒီကလေးမကြောင့် ငါတော့
ဘယ်လိုနေရပါ့။'လန်နန်းတော်ကြီးမှာတော့ မိဖုရားကြီးရဲ့မွေးနေ့ပွဲအတွက် နန်းတွင်းသူတချို့ အခမ်းအနားသဘင်ပွဲအတွက် စီမံနေရပြန်တယ်။
နန်းရန်ဟွားနန်းဆောင်မှာတော့ သို့သို့လေးနဲ့ အကတိုက်နေရှာတဲ့ ကျွင်းအော်လေး..
"အကိုမုံ နှင်းပန်းသီးကြိုက်တယ်မဟုတ်လား။"(သို့သို့ရဲ့အမေး)
သို့သို့ရဲ့အမေးကြောင့်..
မုံသီလေး စိတ်ကောက်နေရာမှ..
"အင်း..ကြိုက်တယ်။""ဘာပြောလိုက်တယ်.. ဟမ်းးး..မကြားလိုက်လို့။"
"ငါကြိုက်တယ်လို့.."
"သို့သို့ကိုလား.."(ပြုံးစိစိနဲ့သူမ)
"ခစ်ခစ်ခစ်.."(ကျွင်းအော်ရယ်လိုက်တာ)
"သို့သို့..ငါနှင်းပန်းသီးကိုပြောတာ.."
"အော် အဲ့ဒီလိုလား.."
"ဒါဆိုရင် အရှေ့ဥယျာဥ်တော်မှာ သို့သို့အများကြီးတွေ့ခဲ့တယ်။လတ်လတ်ဆတ်ဆတ် နှင်းပန်းသီးတွေလေ.."
"ကျွင်းအော်...အယ် မှားလို့မှားလို့..
ရှောင်ဝေ ငါ့ကို အဲ့ဒီနေရာကိုခေါ်သွားပေး။"
YOU ARE READING
တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed)
Historical Fictionနန်းတွင်း ပုံစံရေးပေးသွားမှာပါ စိတ်ကူးယဥ်သက်သက်ပါ။🚫++အနည်းငယ်ပါဝင်ပါတယ်။ ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူများသာဖြစ်သည်။တစုံတစ်ဦးထိခိုက်နစ်နာစေလိုခြင်း လုံးဝမရည်ရွယ်ပါ။