လွန်ခဲ့သော နှစ်ပေါင် ၅၀၀ခန့်က သိပ်ကိုလှပတဲ့ခန့်ထည်တဲ့ အမတသွေးမျိုးနွယ်တွေနေထိုင်ရာ ကောင်းကင်မြို့တော်ကြီးရှိခဲ့လေတယ်။နတ်ဘုရားမျိုးနွယ်ဝင်တွေဖြစ်တဲ့ သွေးမျိုးဆက်ရဲ့မင်းသမီးဟာ လှပချောမောသူဖြစ်တဲ့အတွက် နတ်မင်းအပေါင်းကတောင် လိုချင်တပ်မက်ခဲ့ကြတယ်။
ဒါကြောင့် သွေးမျိုးဆက်ရဲ့မင်းသမီးကို
လိုချင်ဇောနဲ့ ကောင်းကင်မြို့ေတာ်ကို နတ်ဘုရားတွေအပါအဝင် နတ်မင်းတွေပါ
စစ်မက်ဖြစ်ပွားသည်အထိ သွေးတွေမြေခခဲ့ရတယ်။သွေးမျိုးဆက်ရဲ့မင်းသမီးဟာ..သူမကြောင့်
အခုလိုဖြစ်ရလေခြင်းဆိုတဲ့အသိကို အစွဲပြုလို့ သူမရဲ့အလှတရားတွေကို သွေးအဆိပ်နဲ့ရုပ်ဆိုးအကျည်းတန်အောင်လုပ်ယူခဲ့တယ်။(သွေးကျိန်စာတိုက်ခြင်းပါ)
သူမရဲ့ရုပ်ရည်အကျည်းတန်သွားတဲ့နောက်ပိုင်း ကောင်းကင်မြို့တော်ကိုစွန့်ခွာပြီး လူ့ပြည်ဆင်းသက်ကာ တောနက်ကြီးထဲ အစဖျောက်နေထိုင်ခဲ့ရှာတယ်။ထင်မှတ်မထားပဲ သူမနေထိုင်ရာတောနက်ကြီးထဲ ယွင်နိုင်ငံရဲ့အိမ်ရှေ့စံကတောကစားထွက်ခဲ့လေတယ်။
တောနက်ထဲမျက်စိလယ်လမ်းမှားနေတဲ့ ယွင်မင်းသားဟာ ကံဆိုးချင်တော့ အဆိပ်ပြင်းတောမြွေဟောက်အကိုက်ခံလိုက်ရပါတယ်။
ဒါကြောင့် နေရာတင်ပဲ မလှုပ်နိုင်ပဲ အဆိပ်တက်နေခဲ့ရှာတယ်။သွေးမျိုးဆက်ရဲ့မင်းသမီး သူ့မနာမည်က
အန်းလော့ရင်း..
သူမတောထဲ သစ်သီးရှာထွက်ရင်းနဲ့ ယွင်ပြည်ရဲ့အိမ်ရှေ့စံကို မြင်ပြီး ကယ်တင်ပေးခဲ့မိတယ်။လူတစ်ယောက်လုံး ဒုက္ခရောက်နေတာကို
မကြည့်ရက်၍ သူမရဲ့အဆိပ်သွေးနဲ့ မြွေရဲ့အဆိပ်နဲ့ တန်ပြန်ဖြေပေးလိုက်ပြီး..ယွင်ပြည်ရဲ့ အိမ်ရှေ့စံကို ကယ်ပေးခဲ့ခြင်းပါ။
သတိရလာတဲ့ ယွင်ပြည်ရဲ့ အိမ်ရှေ့စံဟာ
လော့ရင်းလေးကို မြင်မြင်ချင်းတော့ လန့်သွားခဲ့မိတယ်။ဒါပေမဲ့ နောက်တော့ သူမရဲ့
စိတ်ထားဖြူစင်မှုကိုသိပြီး ယွင်အိမ်ရှေ့စံဟာ လော့ရင်းလေးကိုမကြောက်တော့ပါဘူး။
မိုးကလည်းမှောင်စပြုနေပြီဖြစ်တဲ့အတွက်
ယွင်အိမ်ရှေ့စံဟာ သူ့ရဲ့တိုင်းပြည်ကို မပြန်ဖြစ်တော့ဘူးလေ..အဲ့ဒီနောက် လော့ရင်းလေးနေတဲ့ကျောက်ဂူကြီးရှိရာကိုလိုက်ပါသွားခဲ့တယ်။
YOU ARE READING
တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed)
Historical Fictionနန်းတွင်း ပုံစံရေးပေးသွားမှာပါ စိတ်ကူးယဥ်သက်သက်ပါ။🚫++အနည်းငယ်ပါဝင်ပါတယ်။ ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူများသာဖြစ်သည်။တစုံတစ်ဦးထိခိုက်နစ်နာစေလိုခြင်း လုံးဝမရည်ရွယ်ပါ။