Ep(54)😘

5.3K 405 18
                                    

နေရောင်နွေးနွေးလေးအောက်မှာ ဖခင်လက်ထဲ အိပ်မောကျသွားတဲ့ လန်မင်းသားငယ်လေးဟာ ချစ်စဖွယ်ကောင်းလွန်းလှတယ်။

နီတာရဲကလေးငယ်ဟာ သူ့ရဲ့ချစ်ရသူနဲ့
တထေရာတည်းပေ..ခြေတံသွယ်သွယ် လက်တံရှည်ရှည်လေးတွေ အိပ်ပျော်နေလို့
မှေးစင်းနေတဲ့ မျက်တောင်ခွေလေးတွေကအစ တူနိုင်လွန်းတယ်အရမ်းကို..ဒါကြောင့်
လန်မင်းကြီးတစ်ယောက် သားတော်လေးကို လက်ထဲကမချနိုင်ရှာပေ။

မိဖုရားနန်းဆောင်မှာတော့..ဝေ့ရင်းတစ်ယောက် သူ့ကလေးကိုမတွေ့လို့ သောင်းကျန်းစပြုလာပါပြီ။

"သွားခေါ်လာခဲ့ပေး..ငါ့ကလေးကို
မင်းကြီးမကလို့ ဘယ်သူဆီမှာဖြစ်ဖြစ် ငါ့ကလေးကို ငါ့နားကခေါ်သွားခွင့်မပေးနိုင်ဘူး..ကြားလား မြန်မြန်သွားခေါ်ကြ။"

"ဝမ်ဖေး..စိတ်ထိန်းပါ..ကျွန်တော်မျိုးမတို့
မဝံ့ရဲလို့ပါ။အရှင်မင်းကြီးနန်းဆောင်ဘက်
သွားလို့မရကြောင်းပါ။"

"တိတ်စမ်း..."
"နင်တို့မသွားရင် ငါသွားမယ်..ဖယ်ကြစမ်း။
ငါ့ရှေ့က ကာစီကာစီ လုပ်မနေကြနဲ့။"

"ဝမ်ဖေး..ဝမ်ဖေး.."
အနောက်ကလိုက်ကြရပြန်တဲ့ အစေခံလေးများမှာ ဇေားချွေးများပင် ပျံနေကြရှာ။

ရှေ့ကထွက်သွားတဲ့ ဝမ်ဖေးကတော့ သားဇေားကြောင့်ဘာကိုမှ ဂရုမစိုက်အား...

"မော့ကုန်းကုန်း... မင်းကြီး ဘယ်မှာလဲ။"

ရုတ်တရက် ဝမ်ဖေးကိုမြင်တော့မှ မော့ကုန်းကုန်းတစ်ယောက် လန့်သွားတော့တယ်။
"ဝမ်ဖေး လောကြီးချက်မ ဘာဖြစ်လာလို့လဲ
အရှင်မင်းကြီးက မင်းသားငယ်ကို ထိန်းနေပါတယ် ဝမ်ဖေး။"

"လမ်းပြ..ငါသူ့ဆီသွားမယ်။"

"ကျွန်တော်မျိုးနောက်က လိုက်ခဲ့ပေးပါ ဝမ်ဖေး။"

"ကောင်းပြီ..."

မိဖုရားကြီးကြွချီလာတယ်ဆိုတဲ့ ရှေ့တော်ပြေးအသံကို မော့ကုန်းကုန်း တစ်ယောက် လန်မင်းကြီးကြားအောင် အော်၍သတိပေးလိုက်ပြန်တယ်။

ရှင်ဘုရင် နားနေဆောင်ဘက်..
မိုးမခ ခရမ်းပြာပင်တွေ အစီအရီစိုက်ပျိုးထားပြီး..ကြာကန်ကြီးရဲ့အလယ်မှာ နားနေဆောင်ကို ဆောက်လုပ်ထားခြင်းပေ။

တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed) Donde viven las historias. Descúbrelo ahora