မြူနှင်းတွေဝေနေတဲ့ ထိုက်ချန်းတောင်တော်ဟာဆိုရင်ဖြင့် နတ်ဖြစ်ရန် ကျင့်ကြံသူများနဲ့ အတော်ဆုံးသမားတော်တွေ ရှိရာအရပ်ဖြစ်တယ်။
နတ်မင်းဖြူ စောင့်ရှောက်တဲ့ ဒီတောင်တော်ဟာအေးချမ်းမှုရှိလှတယ်...ဒီတောင်တော်ကြီးမှာ ပညာသင်ကြားနေတဲ့ နတ်ကျင့်ကြံသူတွေရှိပြန်တယ်။
နတ်မင်းဖြူရဲ့ အရိပ်အောက်မှာ ပညာသင်ကြားနေတဲ့ နတ်ဆေးသမားတော်လေး
ချီရှားချီ..သူကတော့ကောင်လေးတစ်ယောက်ပါ။
သူ့ရဲ့မျိုးနွယ်ကတော့ သွေးမျိုးဆက်ပါ...
ကောင်းကင်မြို့တော်ပျက်စီးခဲ့တဲ့နောက်
သူကတစ်ဦးတည်းသောအသက်ရှင်ကျန်တဲ့ မျိုးဆက်ပေ။
သွေးမျိုးဆက်ရဲ့ ဆေးကျမ်းအားလုံးကို သူတတ်မြောက်ထားသေး။သူဟာ မှတ်ဉာဏ်သိပ်ကောင်းတဲ့ကောင်လေးပါ။သူ့ဘဝကို အစဖျောက်လို့ ထိုက်ချန်းတောင်တော်မှာ ဇာတ်မြှုပ်နေခဲ့ခြင်းပေ။
တခါတရံ နန်းမြို့တော်မှာ လိုအပ်တာ လာရောက်ဝယ်ယူရင်း...ဆေးကုတဲ့အလုပ်ကိုလုပ်ကိုင်တတ်သေး။
ချီရှားချီဟာ လောဘမကြီးတတ်ပေ..
နာမကျန်းသူတွေကို အခမဲ့ဆေးကုသပေးတတ်သည်။သူ နန်းမြို့တော်ကိုမရောက်တာကြာပြီလေ..သူ့ဆရာက သူ့ကိုယုံကြည်အားကိုးတဲ့အတွက် နတိမင်းဖြူတောင်တော်မှာမရှိတဲ့ကာလတွေမှာ သူပဲ ကြည့်ရှု့စောင့်ရှောက်ပေးရပြန်တယ်။
နတ်မင်းဖြူက..
အရံအတားလုပ်ထားခဲ့တဲ့အတွက် သူ့အတွက်က မခက်ခဲလှပေ။"ရှီဖော်..ရှီဖော်.."
တရားကျင့်ကြံနေတဲ့ ချီရှားချီထံ ဆံပင်စုတ်ဖွားနဲ့ကလေးလေးတစ်ယောက်အပြေးတပိုင်းနဲ့ပြေးလာနေတယ်။
ကလေးလေးပုံကြည့်ရတာ သူဖုန်းစားလိုလို လမ်းဘေးအိမ်ခြေရာမဲ့လေးလိုလို..
ပေတိပေစုတ်နိုင်လွန်းလှတယ်။အမှန်တော့ ချောင်းထဲ ငါးလိုက်ဖမ်း တောထဲဝင်ပြီးရစ်ငှက်ပစ် သူတစ်ယောက်တည်းကိုမနိုင်လှတဲ့ ချီရှားချီဟာ ဒီကလေးသူ့နားလာရင် ခန့်လန့်လန့်ရယ်။
"ရှီဖော်.. ရှီဖော်..""အားယန်..ဘာဖြစ်လာပြန်ပြီလဲ။"
"ရှီဖော်...နန်းမြို့တော်မှာ ကျွန်တော်ရစ်ငှက်ရောင်းပြီးပြန်လာတာ သတင်းတခုကြားလာလို့။"
"ရှီဖော်များ သိချင်မလားလို့ ပြောပြမလို့ပါ။"
YOU ARE READING
တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed)
Historical Fictionနန်းတွင်း ပုံစံရေးပေးသွားမှာပါ စိတ်ကူးယဥ်သက်သက်ပါ။🚫++အနည်းငယ်ပါဝင်ပါတယ်။ ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူများသာဖြစ်သည်။တစုံတစ်ဦးထိခိုက်နစ်နာစေလိုခြင်း လုံးဝမရည်ရွယ်ပါ။