'ကြယ်ကြွေတာလား...ငါ့ရှေ့မှာ သူမြေခသွားတာလား ငါမင်းကိုဆုတောင်းပေးပါတယ် ကောင်းကောင်းအနားယူနိုင်ပါစေ
ကြယ်လေးရေ။'
ဝေ့ရင်း သူ့ရဲ့ ဗိုက်လေးကို အသာပွတ်ရင်း
"ပါးရဲ့ သားလေးလည်းပျင်းနေပြီလား။
ပါးပါးရဲ့စကားတွေကို သားလေးကကြားရလားဟင်.."ခဏလောက် လေပြည်တွေဆောင်ယူလာတဲ့ တောပန်းရနံ့တွေကို ရှူရှိုက်လိုက်ပြီး
ဝေ့ရင်း ရွက်ဖျင်တဲဘက်ဆီ ပြန်ရှောက်လာတော့တယ်။
တောခွေးတွေရဲ့ အူမြည်သံတွေက သစ်စိမ်းတောလေးထဲက ပျံ့လွင့်လာပြန်တော့ ရင်ထဲချမ်းစိမ့်စိမ့်နဲ့ပါ။
ဝေ့ရင်း လန်ကျန့်ရင်ခွင်ထဲ ခေါင်းအပ်၍
ဝင်အိပ်လိုက်ပါရော...လန်ကျန့်လည်း သူ့မိဖုရားရဲ့ကိုယ်လေးကို ရင်ခွင်ထဲသွင်းလိုက်ပြီး ပြန်ဖက်ထားရှာတယ်။"ဝေ့ရင်း...မအိပ်သေးဘူးလား။"
ဝေ့ရင်း သူ့ရင်ခွင်ထဲခေါင်းဝင်လာတဲ့အချိန်မှ နိုးသွားရှာတဲ့ လန်ကျန့်..ဒါကြောင့်ဝေ့ရင်းမအိပ်သေးတာ သူသိသွားခြင်း...
"အင်းလန်ကျန့်...ငါအိပ်မပျော်လို့.."
"ကိုယ်ဖက်ထားပေးမယ် ဝေ့ရင်းအိပ်တော့လေနော်...ကျန်းမာရေး ဂရုစိုက်ရမယ်လေ
ညနက်တဲ့အထိ မနေရဘူး။""အင်းပါ..လန်ကျန့် ငါအိပ်တော့မှာပါ။"
"ကောင်းပြီ မျက်လုံးတွေမှိတ်လိုက်.."ဝေ့ရင်းရဲ့နဖူးပြင်လေးကို အနမ်းခြွေပြီး အိပ်ခိုင်းရှာတဲ့ လန်ကျန့်။
ဝေ့ရင်းအိပ်ပျော်သွားတော့မှ လန်ကျန့်
ဝေ့ရင်းရဲ့မျက်နှာလေးကို အနီးကပ်ကြည့်ပြီးပြောလိုက်မိတယ်..."ကိုယ့်ရဲ့စပ်စလူးစိန်လေးက တကယ်ချောတာပဲ..
ကိုယ်တော့ ကြာလေ ရူးလေပဲဝေ့ရင်း။
နည်းနည်းလေးမှ မင်းနဲ့ခွဲမနေချင်တာ မင်းက ကိုယ့်ရဲ့အရာရာပါပဲ..ကိုယ်တော်သိပ်ချစ်မြတ်နိုးမိတာကြောင့် မင်းကိုအထိခိုက်မခံနိုင်သလို ဆုံးရှုံးရမှာပိုကြောက်မိတယ်။"ဝေ့ရင်းကတော့ အိပ်မောကျနေပေမဲ့ လန်ကျန့်ကတော့ ဆက်အိပ်၍မရတော့ပါ။
မကြာခင် မိုးသောက်တော့မယ်လေ..ဝေ့ရင်းရဲ့ ဗိုက်လုံးလုံးလေးဆီ လက်တင်၍
စကားပြောနေတဲ့ လန်ကျန့်...
လန်ကျန့် လက်ကို ဗိုက်ပေါ်တင်ရုံရှိသေး
ဗိုက်ထဲကနေ လှုပ်စိလှုပ်စိနဲ့ လှုပ်လာတဲ့ ကလေးကြောင့်... လန်ကျန့်ပိုစိတ်ဝင်စားသွားတော့တယ်။
VOUS LISEZ
တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed)
Fiction Historiqueနန်းတွင်း ပုံစံရေးပေးသွားမှာပါ စိတ်ကူးယဥ်သက်သက်ပါ။🚫++အနည်းငယ်ပါဝင်ပါတယ်။ ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူများသာဖြစ်သည်။တစုံတစ်ဦးထိခိုက်နစ်နာစေလိုခြင်း လုံးဝမရည်ရွယ်ပါ။