အချိန်အားဖြင့် ၅လတိတိကြာမြင့်ခဲ့ပြီလေ.
နဂါးတိုင်းပြည်မှာ စစ်သူကြီးသုံးဦးဆီ ပညာသင်ပြီး အိမ်ရှေ့စံအဖြစ်နေသွားတော့မဲ့ ကျွင်းအော်လေး..ဒီနေ့မှာတော့
လန်တိုင်းပြည်သို့ပြန်ရန် နဂါးနန်းတော်က
နေထွက်ခွာလာခဲ့တယ်။သို့သို့ကတော့ ထုံးစံအတိုင်း.. မပြန်ပါနဲ့အုံး
ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ကျွင်းအော်
လေးကို မပြန်စေချင်တဲ့သဘော..
ဒါပေမဲ့ ကျွင်းအော်လေးက ပြန်ဖို့ဆုံးဖြတ်ထားတဲ့အတွက်..သို့သို့တားနေလဲ အပိုပါပဲ။"ငါ့ကိုသတိရရင်..ငါသင်ပေးထါးသလို
လုပ်နော်..ကျွင်းအော်။""ဘာလဲ..သို့သို့ရေ ငါ့ကိုကူညီပါဆိုပြီးအော်ပြောရမလား။"
"ရော့..ဒီ မှန်လေးယူသွား အရေးကြီးကိစ္စရှိရင် နင့်ရဲ့သွေးစက်ကို မှန်ပေါ်ချပြီး ငါ့ကိုဆက်သွယ်လိုက် ငါရှိတဲ့အရပ်ကနေ အရောက်လာခဲ့မယ်။"
"အေးပါ..သို့သို့ရာ .ခုမှသိတော့တယ်
နင်ကမသိရင် ငါ့မယ်တော်လိုပဲ ပွစိပွစိနဲ့
ငါ့အမေကိုအပြစ်ပြောတာမဟုတ်ဘူး နင်ကငါ့အမေအတိုင်းပဲလို့ပြောတာ ရှင်းပြီလား အရူးမလေး။""ဟင့်..ကြည့်ပါလား ငါက အရူးမတောင်ဖြစ်ရပြန်ပြီ. ကျွင်းအော်.."
."ကဲဒါဆိုငါပြန်ပြီနော်.."
"ပိုင်နဂါးမင်းကြီးကို ကျွင်းအော်နှုတ်ဆက်ပါတယ်။"
"ဆရာသမားဖြစ်ကြတဲ့ စစ်သူကြီး သုံးဦးကိုလည်း နှုတ်ဆက်ဂါဝရပြုပါတယ်။
ကျွင်းအော် ဒီတသက် ကျေးဇူးလုံးဝမမေ့ပါဘူး။""အားလုံးပဲ နှုတ်ဆက်ခဲ့ပါတယ်.."
"ဂရုစိုက်နော် ကျွင်းအော်.."(အားလုံး)
"ဟုတ်.."
ကျွင်းအော်လေးကို လိုက်ပို့တဲ့သူကတော့
ဝူဖန်ပါ။ရေလေပွေတစ်ခုနဲ့အတူ ဟွိုင်မြစ်အထိ လိုက်ပို့ခဲ့ပြီး..စကားတချို့မှာနေတဲ့ ဝူဖန်လေး။
"ရှောင်ဝေ..ကိုယ်ပြောစရာရှိလို့.."
"အင်း..ပြောလေ.ဝူဖန် ငါနားထောင်နေပါတယ်.."
စိမ်းပြာရောင်ရေတွေကို လက်နဲ့ဆော့ကစားရင်း ဝူဖန်ရဲ့စကားကို နားထောင်နေတဲ့ ကျွင်းအော်လေး။
YOU ARE READING
တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed)
Historical Fictionနန်းတွင်း ပုံစံရေးပေးသွားမှာပါ စိတ်ကူးယဥ်သက်သက်ပါ။🚫++အနည်းငယ်ပါဝင်ပါတယ်။ ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူများသာဖြစ်သည်။တစုံတစ်ဦးထိခိုက်နစ်နာစေလိုခြင်း လုံးဝမရည်ရွယ်ပါ။