အပိုင်းတစ်

4.4K 89 6
                                    

ညနေနေဝင်ခါနီးမို့ တိမ်များက အိပ်တန်းတက်နေပြီး ကောင်းကင်ကြီးသည် နီရဲမို့မောက်လျက်ရှိသည်။ ကျေးငှက်များသည်ကား ကောင်းကင်၌ ပုံစံမျိုးစုံဖြင့် လှပစွာ ပျံဝဲနေကြသည်။ နေဝင်ဆည်းဆာ၏ အလှအောက်တွင် ကျောင်းတော်ကြီးသည် လွမ်းဆွတ်တမ်းတဖွယ် ကဗျာဆန်လွန်းလှသည်။

Tsuki(ဆုခိ)တံခါးဖွင့်လိုက်သောအသံက လျှောက်လမ်းတွင် ဟိန်း၍ကျန်ခဲ့သည်။ ကျောင်းဆင်းပြီးတာ နာရီဝက်ခန့်ရှိပြီဖြစ်သောကြောင့် အခန်းထဲတွင် မည်သူမှ မရှိတော့ချေ။ နောက်ဆုံးအတန်းတွင် အိပ်ပျော်နေသော  Shin(ရှင်း)မှလွဲ၍ဖြစ်သည်။ TsukiအသံမပေးဘဲShin၏ ညာဘက်ခုံတွင် ဘေးတစ်စောင်း ဝင်ထိုင်ကာ ခန့်ညားသော Shin၏ မျက်နှာကို ရင်ခုန်စွာ တိုးတိုးလေး ကြည့်နေမိသည်။ Shinသည် ပါးကို စားပွဲနှင့်အပ်ပြီး အိပ်နေသောကြောင့် သွားရည်များကျနေသော်လည်း သူ၏ တစ်မူထူးခြားသော ရုပ်ရည်ကိုတော့ ထိပါးခြင်း လုံးဝမရှိပေ။ အားကစားသမားတစ်ဦးဖြစ်သည့်အတွက် ပင်ပန်းသောကြောင့် ဘယ်လိုနေရာမှာမဆို အလွယ်တစ်ကူအိပ်ပျော်တတ်သော အကျင့်လေးတော့ရှိသည်။
"Shin-san ကျွန်တော်တံခါးတွေ ပိတ်ရတော့မယ်။"
(Sanဆိုသည်မှာ ယဉ်ယဉ်ကျေးကျေး ခေါ်ဝေါ်ရာတွင် ထည့်သုံးသော စကားလုံးဖြစ်သည်။)
Shin၏ခေါင်းပေါ်တွင် တင်နေသော ချယ်ရီပွင့်ဖက်လေးကို အသာအယာဖယ်ပြီး နှိုးလိုက်၏။

Shinလည်းအိပ်ချင်မူးတူးနှင့် ခေါင်းထောင်လာကာ သန်းဝေလိုက်သည်။
"ဪ....မင်းကို၊ chibi"
(Chibiဆိုသည်မှာ ဂျပန်လို အသေးလေးဟု အဓိပ္ပာယ်ရပါ
သည်။)
"Chibiလို့မခေါ်နဲ့လို့ ဘယ်နှခါပြောရမှာလဲ Shin-san"
Tsukiစိတ်တိုတိုနှင့်ပြောမိသည်။ အလယ်တန်းဒုတိယနှစ်ချင်းဖြစ်တာတောင်Tsukiသည် အတန်းထဲတွင် လူကောင်အသေးဆုံးဖြစ်ပြီး ဘတ်စကတ်ဘောကစားသော Shinက အရပ်ရှည်ဆုံးဖြစ်သည်။
"ဘယ်တတ်နိုင်မလဲ၊မင်းက သေးသေးလေးကို။"
"မ....မဟုတ်ဘူး။ ကျွန်တော်က နေရောင်ခြည်ကောင်းကောင်း မရသေးလို့။"
မိမိပြောလိုက်သော စကားကို ပြန်စဉ်းစားကြည့်ပြီးမှ Tsukiရှက်ရှက်နှင့် ခေါင်းငုံ့မိသည်။ လူတစ်ယောက်၏ ဖွံ့ဖြိုးကြီးထွားမှုကို အပင်တစ်ပင်၏ ဖွံ့ဖြိုးကြီးထွားမှုနှင့်
နှိုင်းယှဉ်ပြောပြတတ်သော မိဘတွေကြောင့် ထိုအချက်များကို အခုထိ စွဲနေခြင်းဖြစ်သည်။
"ဟား.....ဟား.....ဟား....."
"မရယ်ပါနဲ့။"
"မင်းက မင်းကိုမင်း ပဲပင်ပေါက်လေးထင်နေတာလား။ ဟား....ဟား...."
Tsukiနှုတ်ခမ်းဆူကာ ခေါင်းငုံ့နေရုံကလွဲ၍ မတတ်နိုင်ပေ။

တိုးတိုးလေးWhere stories live. Discover now