မီးမှိန်မှိန်အခန်းအတွင်းခြေချပါတော့ ကလေးငယ်ငယ်သည်အိပ်ရာပေါ်တွင်ခွေခွေကလေး။မီးအိမ်လေးအားဖွင့်တော့ လင်းသွားသည့်အခန်း၌ကလေးမျက်နှာလေးသည်ရှင်းသန့်စွာ။ကုတင်ပေါ်ဘေးတစောင်းထိုင်လို့ ကြည့်မဝဖြစ်ခဲ့သည်။"ဟင်း..သိပ်ဆိုးတယ်ရှောင်းကျန့်.daddyမကြိုက်မှန်းသိရက်နဲ့.."
မျက်နှာလေးသည်ကလေးတစ်ယောက်ပမာဖြူစင်၏။ အကျင့်စရိုက်ကလေးသည် ကြမ်းတမ်းလွန်းသည်။ဂျစ်ကန်ကန်နိုင်သည်။ပေါက်ပြဲနေသည့်နှုတ်ခမ်းထောင့်ကလေး။ရိပေါ်အတွက်သက်ပျင်းသာပိုခဲ့ရသည်။ ထိမိတော့တွန့်သွားသည့်ကိုယ်လုံးလေး။၁၇နှစ်အထက်တန်းဖြစ်ရက်နဲ့ ဘာလို့များဆိုးသွမ်းနေသလည်း။စောင်ဖြူဖြူအားခွာထုတ်ပစ်တော့ မျက်မှောင်တွေတွန့်ကျိုးရပါသည်။
"ကျစ်..ဒီကလေး."
ညဝတ်စုံဘောင်းဘီတိုအဝါပါးလေးနှင့်ရှောင်းကျန့်။ ဒူးနားတွင်ပွန်းပဲ့ရာတွေ။ ခြေသလုံးဖြူဖြူထက်တွင် တုတ်ရာကလေးများ။အမွေးနုကလေးတွေနှင့်ထိုကလေးငယ်။အများနှင့်မတူ နုနယ်ရဲ့နဲ့ စိတ်ဓာတ်ကလေးသည်ဘာလို့များဂျစ်နေသလည်း။ နောက်လိုက်များထံမှ သခင်လေးရန်ဖြစ်တယ်ဆိုတဲ့သတင်း။စိုးရိမ်မိပေမဲ့ မသိချင်ယောင်ဆောင်ရမည်ကသူ့အလုပ်။အလိုလိုက်လို့ဆိုးလွန်းသည်။ ထိုကလေးငယ်ကိုဘယ်လိုရင့်ကျက်စေရမည်လည်း။
"ဟင့်..da ..daddy.."
ဆေးအေးအေးလေးအားခြေသလုံးဖြူထက်တွင်ပွတ်ပေးတော့တအီအီနဲ့ငြီးသည်က ယုန်လားခွေးပေါက်လေးလား။ ချစ်ဖို့ကောင်းနေသည်တော့မလိမ်ညာပါ။အရွယ်ကောင်းလေးပါလားလေ။ ဆောင်ထားတတ်သည့်အနာကျက်ဆေးသည် ဒူးနားရှိပွန်းရာများသို့။နာလို့ရှုံ့သွားတတ်သည့်ကလေးငယ်ကြောင့် လေမှုတ်ပေးနေရသည်။
YOU ARE READING
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...