part64❄

3.5K 349 58
                                    

"ငါရထားတာအကုန်​ပဲရိ​ပေါ်..အဆင်​​ပြေ​လောက်​လား.."

မျက်​စိ​ရှေ့သို့​ရောက်​လာသည့်​ စာရွက်​စာတန်းအချို့။ သက်​​သေများဆိုပို၍မှန်​​ပေမည်​။တစ်​ချက်​ကြည့်​လို့ပြန်​ချထားမိ၏။ဟောက်​ရွှမ်း၏အတတ်​နိုင်​ဆုံးကူညီမှုပင်​။ လုံ​လောက်​မည်​ဟုလည်းထင်​မိပါ၏။

"အင်း..​ပြေတယ်​.."

အဆုံး၌ သက်​ပျင်းချသည့်​ ဟိုက်​ခွမ်း​ကောနှင့်​​ဟောက်​ရွှမ်း။ နှစ်​ဦးလုံးမျက်​နှာသည်​ မ​ကောင်းကြ။ က​လေးငယ်​နှင့်​ပတ်​သတ်​​နေမည်​လားစိုးရိမ်​မိသည်​။ ​ထွေး​ပွေ့မထားနိုင်​သည့်​ ထိုရက်​များတွင်​က​လေးငယ်​အဆင်​​ပြေ​နေရဲ့လား။အချိန်​ပြည့်​ငို​နေသည်​။ဝမ်းနည်းမှုနှင့်​ ​နေထိုင်​သည်​ဆိုသည့်​စကားများသာ။ ကြားရသည်​တိုင်းရင်​တွင်​မချိမဆန့်​။ ​ရှေ့တွင်​​ရောက်​လို့ မြတ်​နိုးချင်​ခှပြီ။သို့​ပေမဲ့လည်း လက်​ရှိအ​ခြေ​နေသည်​ အ​လောတကြီးမလုပ်​နိုင်​ခဲ့။ ​သေချာဖို့ရာ အစီစဉ်​ရှိရမည်​မို့ က​လေးငယ်​အားထိုအတိုင်းသာရှိ​နေခိုင်းရ​ပေမည်​။

"က​လေးငယ်​ ဒီရက်​ထဲအဆင်​​ပြေ​နေလား..အစား​သောက်​​တွေ​ရော...."

"အင်း..​အဲ့အတွက်​ကငါတို့ရှိတာပဲ.ဒါ​ပေမဲ့ အခု​ရှောင်းကျန့်​ဆီမှာ.."

"က​လေးကအဆင်​​ပြေပါတယ်​..မင်းကို​တွေ့ချင်​တာ​လေးတစ်​ခုပဲ..."

ဟောက်​ရွှမ်း၏စကားသည်​မဆုံးခဲ့။ဟိုက်​ခွမ်းကြားဝင်​လို့ဖြတ်​မိသည်​။ ကိုယ်​ဝန်​ရှိ​နေသည်​အား ဝမ်းသာ​စေရန်​ရည်​ရွယ်​ချင်​​သော်​လည်း..မ​ပြောခိုင်းသည့်​က​လေးပင်​။ ကိုယ်​တိုင်​​ပြောချင်​သည်​ဆိုသည့်​က​လေး။နားလည်​သည်​မို့ ကွယ်​ဝှက်​​ပေးရမည်​။ဟောက်​ရွှမ်းသည်​လည်း..သိထား​ပေမဲ့ ​ပြောချင်​စိတ်​များသည့်​အခါ ယခုလို​ပြောထွက်​မတက်​ဖြစ်​သည်​မလား။ဖြတ်​မိ​သောစကားအတွက်​​တော့ ရိ​ပေါ်၏မျက်​​မှောင်​တွန့်​ကျိုးစွာအကြည့်​နှင့်​ရင်​ဆိုင်​ရသည်​။ သို့​ပေမဲ့ ထိုအ​ခြေ​နေတွင်​* daddyအားဖိအားမ​ပေးချင်​ဘူး*ဆိုသည့်​စကား​လေးသည်​ နားအတွင်း​ရောက်​လျှက်​ပင်​။ အ​ခြေ​နေနှစ်​ခုသည်​ က​တောက်​ကဆဆန်​၏။

Daddy, don't hurt me (Completed) Where stories live. Discover now