ခက်ယောင်ယောင်လေးပူသည့်ဗိုက်လေးအားရှောင်းကျန့်ကိုင်တွယ်ထားမိသည်။ဦးဦး၏ ကိရိယာအချို့နှင့်ဆေးစစ်နေမှုသည် အပတ်တိုင်းလိုလိုပင်။ daddyမရှိသည့်ကာလအတွင်း..စောင့်ရှောက်မှုပေးနေသည့်သူတို့။မိနစ်အနည်းငယ်တွင် စမ်းသက်ကိရိယာအချို့အားသိမ်းဆည်းလို့ နေ၏။ ကုတင်ထက် မှီလို့ထိုင်မိသည်။ အစက်ကလေးသည်၂လခန့်ပင်ရှိခဲ့၏။
"အဆင်ပြေပါတယ်..ဒီရက်ထဲအစားသောက်မှန်တယ်မလား"
ဆံပင်များအားပွတ်သပ်ရင်း ကလေးလိုမြူသည့်စကား။ရှောင်းကျန့်ခေါင်းလေးငြိမ့်ပြမိသည်။ ပုံမှန်ကျွေးခြင်းပြုသည့်သူငယ်ချင်းများကြောင့် စားချိန်လွန်ခြင်းမရှိခဲ့။ ခပ်ပြည့်ပြည့်ပင်ဖြစ်လာသည့်အခါ..ကိုယ်ဝန်ကြောင့်လို့သာထင်မိပါ၏။ ၂လဆိုပေမဲ့ လွတ်လပ်စွာအကျီ င်္ပွများသာဝတ်ဆင်သည်။နွေးထွေးမှုရရှိနိုင်မည့် daddyအဝတ်များ။ ရှောင်းကျန့်လုံခြုံပါ၏။ ပြန်လာခြင်းမရှိသေးသည့် daddy။ ထိုအငွေ့သက်များသာရှောင်းကျန့်၏ခံစားရာဖြစ်၏။
"ယောကျာ်းလေးလား မိန်းကလေးလား လူကြီး.."
အသည်းတယားယားနှင့် ကျောချန်ပင်။ ထိုမေးခွန်းအတွက်ရှောင်းကျန့်မကြားချင်သည့်အခါ အသိမသာအာရုံလွှဲမိသည်။daddyနှင့်ထပ်တူပျော်ရင်းခံစားချင်ပါသည်။အနားတွင်ရှိပေးလို့ မည်သည့်အကောင်ပေါက်လေးပါလည်းဟုပေါ့။ ထပ်တူရန်ခုန်ချင်သည်။ ယခုလိုတစ်ယောက်တည်းနားမထောင်ချင်ခဲ့။ ၂လခန့်မှာရှောင်းကျန့်မျှော်မိတုန်း။
ကတိမတည်ဘူးလားဟုမုန်းချင်ပေမဲ့ ခွင့်မပြုသည့်နှလုံးသား။
ရှောင်းကျန့်မှာ အလဲလဲအပြိုပြို။
မုန်းရတော့မှာလားdaddy...ဟုပင်တွေးနေခဲ့ပြီ။
"မှန်းလို့မရသေးဘူးလေညီ..ခုမှအစက်သေးသေးလေး"
"ကျွန်တော်ကသိချင်နေပြီ"
YOU ARE READING
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...