part74❄

4.5K 328 49
                                    

၃နှစ်​ခန့်​ကြာပြီး​နောက်​........

"ခိ.ခိdaddy​တော်​​တော့ဆို.."

ကုတင်​ထက်​တွင်​​ရှောင်းကျန့်​သည်​ဖရိုဖရဲ​လေး။ အ​ပေါ်တွင်​အုပ်​မိုးလို့ ​နေရာလက်​မချန်​စွာနမ်း​သောdaddyရယ်​ပါ။ အထိမခံနိုင်​သည့်​​ရှောင်းကျန့်​၏နားရွက်​​လေး။သိရက်​နဲ့daddy ဆိုးသည်​။ရှောင်းကျန့်​အားအနိုင်​ကျင့်​ပါသည်​​လေ။လက်​​သေး​သေးများနှင့်​အတင်းကား​ရောရုန်း​မိပါ၏။ဖမ်းချုပ်​လို့ daddy အနိုင်​ယူသည်​။မယှဉ်​နိုင်​သည့်​ခွန်​အား၏​အောက်​တွင်​ ​ရှောင်းကျန့်​အယိုင်​ယိုင်​ပင်​။

မျက်​နှာ​လေးတစ်​ချက်​လွှဲလို့အကြည့်​​ရောက်​သည်​က အိပ်​ခန်းအတွင်းမင်္ဂလာဓာတ်​ပုံထံ။ ​ရှောင်းကျန့်​နှင့်​daddy၏ဓာတ်​ပုံက​လေး။လက်​ထက်​ခဲ့ကြပြီးဖြစ်​သည်​။ထို​နေ့​လေးသည်​ တမူထူးခြားလို့ ​ရှောင်းကျန့်​ဗိုက်​လုံးက​လေးနှင့်​။ပို၍အမှတ်​စရာဆိုလျှင်​ မင်္ဂလာပွဲ​လေးအဆုံး၌ဗိုက်​နာ၍ဝမ်​​ရှောင်း​လေးအား​မွေးခဲ့သည်​။ ​မေ့မရနိုင်​သည့်​အမှတ်​တရ​တွေမှာ​ရှောင်းကျန့်​ပြုံးလို့။ ထို့အတွက်​သူ့နှာ​ခေါင်းအားလာဆွဲညှစ်​လို့ နမ်းသည့်​daddy ။အ​တွေးများအားဆွဲထုတ်​ပြန်​၏။

"​တော်​​တော့လို့ ခိ..ဝမ်​​ရှောင်း​လေးကိုကြိုရမှာ​လေdaddy"

"အင်း.."

အင်းဆိုသည်​သာ​ပြောလို့​ရှောင်းကျန့်​ပါး​လေးနှစ်​ဖက်​ဖိနမ်းခြင်းခံရပါသည်​။အသက်​၂၀​ကျော်​သူသည်​၄၀​ကျော်​daddyအားယှဉ်​နိုင်​ခဲ့ခြင်းမရှိ။ဖိချုပ်​နမ်းတိုင်းယုန်​​လေးအသွင်​ဖြစ်​ရ​တော့သည်​။ ရဲစပ်​သွား​သောပါး​လေး​နောက်​ လွှတ်​​ပေးလာ​သော daddyရယ်​။ သို့​ပေမဲ့အ​ပေါ်စီးမှအုပ်​မိုးကြည့်​လို့ပင်​။စူးရှ​နေတတ်​ဆဲအကြည့်​တို့မှာ အမြင်​​လေးလွှဲရသည်​။ရှောင်းကျန့်​ရင်​ခုန်​၍ပါ။

"​ရေချိုးမယ်​မလား.daddyကျွန်​​တော်​​အောက်​မှာ​စောင့်​​နေမယ်​.ဝမ်​​ရှောင်း​လေးက​နောက်​ကျရင်​စိတ်​​ကောက်​​နေဦးမယ်​"

Daddy, don't hurt me (Completed) Onde histórias criam vida. Descubra agora