ကုန်လွန်သွားသည့်အချိန်သည် ၂လနီးပါးဖြစ်ခဲ့ပြီ။ ရှောင်းကျန့်၏ဗိုက်ကလေးသည် ငုံထွက်လာ၏။ ဧည့်ခန်းအတွင်းငြိမ်သက်စွာထိုင်နေမိသည်။ ကုန်ဆုံးသည့်အချိန်နောက် ယခုလိုနေခြင်းသည်ရှောင်းကျန့်၏ဘဝတစ်စိတ်တစ်ပိုင်း။ အနည်းငယ်ထွက်စပြုနေသည့်ဗိုက်ကလေးအားကိုင်လို့ အိမ်အရှေ့အားမျှော်ကြည့်မိတုန်း...။ တစ်ကြိမ်အိပ်စက်မိတိုင်း နိုးထမည့်အချိန်ကိုရှောင်းကျန့်ရင်ခုန်စမြဲ။ အေးစက်သည့်အိပ်ရာတစ်ခြမ်းသည် မည်သည့်အချိန်တွင်နွေးမည်လည်းဟုပေါ့။
သို့ပေမဲ့ ၂လနီးပါးအချိန်မှာ ရှောင်းကျန့်အားလျော့လာ၏။ အတွေ့ မခံသလို မည်သည့်သတင်းရယ်မှရှောင်းကျန့်မသိရ...။ဦးဦးနှင့်ဦးဟောက်ရွှမ်း သွားတွေ့စဉ်တိုင်း အဆင်ပြေသည်ဆိုသည့်စကားတစ်ခွန်း...။ထိုစကားလေးသာ ရှောင်းကျန့်၏မျှော်လင့်ရောင်ခြည်။
"ရှောင်းကျန့်...ထမင်းစားရအောင်....မင်းကြိုက်တာလေးတွေပဲ..."
ထမင်းဝိုင်းတွင်ပြင်ဆင်မှုအပြီးဖြစ်ပါလိမ့်မည်။ လာခေါ်သည့်ကျိရန်နှင့် ကျောချန်။ထိုနှစ်လနီးပါးအတွင်း...၂၄နာရီမှာ နာရီ၂၀သည်အနားတွင်ရှိစမြဲ။ ကိုယ့်အတွက်ရာ ပူပန်ပေးနေသူနှစ်ယောက်ပင်။လွတ်လပ်စွာနေဖို့ခွင့်တောင်းလျှင်ပေးသည်ကမိနစ်ပိုင်းသာ။daddy၏အမိန့်နှင့်စောင့်ရှောက်နေသည်လို့အမည်ခံကြသေး၏။စိုးရိမ်တတ်လွန်းသည်ကို daddy အားလွှဲခြင်းပင်။
"ငါတကယ်မဆာသေးဘူး...မင်းတို့စားနှင့်လိုက်"
"ရှောင်းကျန့်ရာ"
သက်ပျင်းချသံနှင့် အားမလိုအားမရဖြစ်သူများ။ daddyကျွေးသကဲ့သို့ ပုံမှန်ချိန်များပင်။သို့ပေမဲ့ ရှောင်းကျန့်အနားတွင်ထိုင်လို့စောင့်ပေးသူသည် daddy မဟုတ်သည့်အခါ စားမဝင်တာမျိုး။ ထမင်းတစ်လုပ်ဝင်တိုင်း မြတ်နိုးမှုနှင့်ကြည့်သူသည် အနားတွင်မရှိပေး။ ခုန်ဆင်းသည့်မျက်ရည်လေးသည် ဗိုက်ပေါ်ရှိလက်ခုံဖွေးဖွေးထံ။ အနားရောက်လို့ မျက်ရည်သုတ်ခြင်းနှင့်ဗျာများသူများ...။
YOU ARE READING
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...