အရှေ့၌ကောင်လေးသည် စားစရာများအားဇွန်းလေးနှင့်ထိုးဆွနေ၏။ ရောက်စကတည်းကသူ့မျက်နှာအားမကြည့်သည့်ကောင်လေးပင်။ချောင်းတစ်ချက်ဟန့်ကြည့်ပေမဲ့လို့ အနည်းငယ်ရပ်သွားသည့်ကိုယ်လုံးလေးကလွဲရင်သူ့အား အာရုံမစိုက်သူ။
"ကျိရန်.."
သာသာလေးမော့ကြည့်သောမျက်ဝန်းရယ်။ သို့ပေမဲ့လိုသူ့အားထူးခြင်းတောင်ရှိမလာခဲ့။ဟောက်ရွှမ်းသည် ဘာလုပ်ရမည်တောင်မသိတော့ပါ။ထိုကောင်လေးနေနိုင်လွန်းသည်။
"ကိုယ့်ကိုစိတ်ဆိုးစရာရှိနေလား.."
"မရှိပါဘူး..ဦး ကျွန်တော့်ကိုပြောစရာရှိလို့လား..ဒီကိုရောက်လာပေးတယ်ဆိုတာ ဦးဝမ်ရိပေါ်ကလာခိုင်းလို့ ပြောစရာမရှိရင်ကျွန်တော်ပြန်တော့မယ်..."
စကားလေးသည်ရှည်ပေမဲ့လို့ နှစ်သက်ချင်စရာတော့မရှိ။သို့ပေမဲ့ ရောက်လာပေးသည်မို့ကျေးဇူးတော့တင်ပါသည်။ ရိပေါ်အားအပူသွားကပ်ခြင်းသည်မှန်သွားခဲ့၏။ ခုံပေါ်ရှိလက်လေးအားအသာစုတ်ကိုင်တော့အနည်းငယ်ရုန်းချင်လာသည်။မမျှသည့်အင်အားမို့ ခဏလေးအတွင်း၌ငြိမ်သွားခဲ့သည်။
"ကိုယ်တောင်းပန်ပါတယ်..လူရှုပ်တစ်ယောက်မို့ ကိုယ့်အပေါ်အမြင်မကြည်ဖြစ်နေလား.."
"ဟင့်အင်း.အဲ့လိုမဟုတ်ပါဘူး.."
ချက်ချင်းပြန်ဖြေပေးမှုကြောင့်ကျေနပ်မိသည်ကအမှန်။ပြုံးမိတော့ကောင်လေးသည်ခေါင်းလေးငုံ့နေ၏။ အနည်းငယ်လှုပ်ရှားနေသောနှုတ်ခမ်းလေးသည် တစ်ခုခုအားပြောချင်ဟန်။
"ဟို..ဆေးရုံကအမျိုးသမီး.."
ပင့်သက်ရှိုက်မိသည်။ထိုကိစ္စမှန်းသိပေမဲ့ကောင်လေးဆီကပြောသံကြားချင်ခဲ့တာ။ယခုတော့ ဖြစ်ချင်သလိုဖြစ်ခဲ့ရသည်။ထိုကောင်လေးဟောက်ရွှမ်းအားသဝန်တိုနေခြင်းပင်။ အထက်တန်းကျောင်းကတည်းကပြောခဲ့ဖူးသည့်ချစ်စကားသည် ယခုမှပင်အသက်ဝင်လေ၏။.နောက်တစ်နှစ်မကူးခင် အဖြေကြားချင်ပါသည်လေ။
YOU ARE READING
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...