part71❄

4.4K 366 70
                                    

အိမ်​​လေးသည်​သပ်​ရပ်​လို့ပင်​။ပစ္စည်းများသည်​လည်း ​ယောကျာ်း​လေးတစ်​​ယောက်​​နေသည်​ဟုမထင်​ရ​လောက်​​အောင်​ ရှင်းသန့်​စွာ။ကျိရန်​၏လက်​က​လေးသည် ဦး၏လက်​အတွင်း၌။ ထိုင်​ခုံတစ်​​နေရာ၌ဝင်​ထိုင်​သည့်​အခါ ထိုအိမ်​အားအကြည့်​မပျက်​ခဲ့​ပေ။ အိမ်​​လေးသည်​ဦး၏​နေအိမ်​။တစ်​ကြိမ်​တစ်​ခါမျှမ​ရောက်​ရှိဖူးခဲ့သည့်​အိမ်​။ထို​နေ့​လေးသည်​ အပြင်​သို့လိုက်​လည်​မည်​ဟု ရည်​ရွယ်​ခဲ့​ပေမဲ့ မ​ရောက်​ရှိခဲ့။မ​ရောက်​ဖူး​သည့်​ဦး၏အိမ်​ကိုသာ​ရွေးချယ်​ဖြစ်​ခဲ့သည်​။

"တစ်​​ယောက်​တည်း​နေတာလားဦး..."

"အခု​တော့တစ်​​ယောက်​တည်း​ပေါ့.."

"...."

"ဒါ​ပေမဲ့ဒီ​ကောင်​​လေးကိုပိုင်​ဆိုင်​ရမယ်​ဆိုရင်​နှစ်​​ယောက်​​ပေါ့​လေ..."

ပေါင်​​ပေါ်ရှိသူ့လက်​​လေးအားဦးသည်​စုပ်​ကိုင်​လို့။ထိုသို့ရဲတင်းသည့်​ဦး၏အ​ပြော​တွေမှာ ကျိရန်​​ကြွေကျမြဲပင်​။ရှက်​ပြုံး​လေးနှင့်​​ခေါင်းမိ​တော့ဦးသည်​ရီလို့။ ရှက်​စွာ​မော့မကြည့်​ချင်​​ပေမဲ့ ​ယောကျာ်းဆန်​သည့်​ထိုရီသံအား အလွတ်​မ​ပေးချင်​ခဲ့။ဦး​ဟောက်​ရွှမ်းက သိပ်​​ချောလွန်းသည်​​လေ။

"ဦးကလည်း.."

"ပိုင်​ဆိုင်​ချင်​​နေပြီ.."

ကျိရန်​နားလည်​ပါ၏။ချစ်​သူသက်​တမ်းနှစ်​နှစ်​နီးပါးပင်​ရှိခဲ့ပြီ။ကျိရန်​သည်​ငယ်​ရွယ်​တုန်း။သို့​ပေမဲ့ဦးသည်​​တော့မငယ်​ခဲ့​တော့​လေ။မိသားစုတစ်​ခုအားလိုချင်​မည်​​ပေါ့..။

"အ​ဖေကခွင့်​ပြုတယ်​တဲ့"

ပျော်​ရွှင်​ရာဦးမျက်​ဝန်းများ။လာ​ရောက်​​​တောင်းရမ်းလျှင်​အ​ဖေသည်​ခွင့်​ပြုမည်​လို့​ပြောခဲ့သည်​။ လွတ်​လပ်​သည့်​ဘဝ​လေးကိုသာမစွန့်​လွှတ်​၍ မ​ပြောဖြစ်​ခဲ့ခြင်း။သို့​ပေမဲ့ အ​လေးထား​မှုနှင့်​သူ့အားဦးကပိုင်​ဆိုင်​ချင်​သည်​တဲ့။ကျိရန်​​နောင်​တမရခဲ့​တော့ပါ။

Daddy, don't hurt me (Completed) Where stories live. Discover now