part28❄

7.4K 578 21
                                    

" ဘာ.!ကျားရန်​ကဒီနိုင်​ငံမှာမရှိ​တော့ဘူးလား..ဘယ်​မှာပဲဖြစ်​ဖြစ်​​တွေ့​အောင်​ရှာ!"

စုန့်​ကျိုး၏အသံသည်​တိတ်​ဆိတ်​လျှက်​အိမ်​အတွင်းတွင်​ အနည်းငယ်​​တော့ဟိန်း​နေ၏။ ရုတ်​တရက်​ဆန်​စွာနိုင်​ငံအတွင်းမှ​ပျောက်​ထွက်​သွားမှု​ကြောင့်​ စိတ်​ရှုပ်​ရသည်​။ဖုန်းအားချလိုက်​ပြီး အိမ်​အတွင်း​ခေါက်​တုံ့​ခေါက်​ပြန်​​လျှောက်​​နေသူ။

"လွှတ်​​ပေးလိုက်​ပါ​တော့အ​ဖေ"

အ​နောက်​၌ထွက်​လာ​သောသား၏အသံ​ကြောင့်​ စုန့်​ကျိုးသည်​​ကျောက်​ရုပ်​အလား။သားသိသွားမို့ထိုသို့​တွေ​ပြော​နေသည်​လား။လှည့်​မကြည့်​ရဲခဲ့​ပေမဲ့ လှည့်​ကြည့်​ခဲ့ရ​သည်​ ။ဝမ်းနည်းရိပ်​သမ်း​ပေမဲ့ ပြုံး​နေသည့်​မျက်​နှာက​လေး။သိ​နေသည်​ဆိုလျှင်​ သားသည်​သူ့အားစိတ်​နာသွားမည်​လား။

"သား!"

"သိပြီးသား သိပြီးသားအ​​ဖေ အားလုံးကို ကျွန်​​တော်​ကသားအရင်းမဟုတ်​မှန်း.."

ယိုင်​နဲ့သည့်​​ခြေ​ထောက်​​ကြောင့်​ တံခါးအားကိုင်​လျှက်​အားယူလိုက်​ရသည်​။သားသည်​သူ့လက်​အားဆွဲလို့ ဧည့်​ခန်းတ​နေရာ၌ထိုင်​​စေသည်​။ထိုသား​လေးတစ်​​ယောက်​သာရှိသည်​မို့မုန်းမည်​အားမလိုလားခဲ့ပါ။

"သား..အ​ဖေ..."

"အရာအားလုံးကျွန်​​တော်​သိပြီးသားပါ.အဲ့အတွက်​ကျွန်​​တော်​ဘယ်​သူ့ကိုမှအပြစ်​မတင်​ဘူး..ပြီး​တော့ ကျွန်​​တော်​အ​ဖေနဲ့ပဲ​နေမှာ..."

သူ့ရင်​ခွင်​သို့တိုးဝင်​လာသည့်​သား​ကြောင့်​ဝမ်းသာစိတ်​ဖြင့်​ ငိုမိသည်​။အသက်​ကြီးမှရခဲ့သည်​ထိုသားတစ်​​ယောက်​ပါ။အမျိုးသမီး၏ကိုယ်​ပွား​လေးမို့လည်းထွက်​သွားမည်​အားမလိုအပ်​။ သားအရင်းတစ်​​ယောက်​လိုချစ်​ရသည်​မဟုတ်​ပါ။သားတစ်​​ယောက်​လိုပါပဲ။ သူ့ရင်​ခွင်​၌သားထွက်​သွားမည်​ကိုမလိုချင်​ခဲ့။

"အ​ဖေမင်းကို သားတစ်​​ယောက်​လိုချစ်​တယ်​ ​မွေးစားသားလို့တစ်​ခါမှမ​တွေးခဲ့ဖူးဘူး..ရုတ်​တရပ်​သား​​လေးက အ​ဖေတို့ဆီ​ရောက်​လာခဲ့တာ ​နောက်​​ကြောင်းကို​တောင်​မစဉ်းစားပဲ အ​ဖေတို့လင်​မယားဘဝထဲသား​လေးကိုဆွဲသွင်းခဲ့တာ..အရင်​လိုသား​လေးအတိုင်းပဲ​နေမယ်​မလား..."

Daddy, don't hurt me (Completed) Où les histoires vivent. Découvrez maintenant