ကောင်လေး၏အိမ်ရှေ့တွင် ရှေ့နောက်လျှောက်ရင်းစိတ်ပူမိသည်။ ကားအတွင်းရှိ အငွေ့ပျယ်နေပါသောမုန့်ထုတ်ကလေးများအားကြည့်လို့သက်ပျင်းချမိသည်ကအခါခါ။ မနက်အစောပိုင်းတွင်ကောင်လေးအဖို့ရာစားစရာဝယ်လို့သွားပို့ဖို့လုပ်ခဲ့သည်။သို့ပေမဲ့အတန်းအတွင်း၌ ကောင်လေးရှိမနေခဲ့ပါ။ ဖုန်းဆက်ပေမဲ့ကိုင်ခြင်းမရှိသည့်ဖုန်းကလေး။အတန်းသားများ၏ ရန်ဖြစ်လို့အိမ်ပြန်သွားရသည်ဆိုသည်သည့်စကားများ။ အိမ်ရှေ့မှာသာလာစောင့်မိတော့သည်။ထိုကောင်လေးအိမ်သာပြန်လာမည်သိသောကြောင့်ပင်။ရန်ဖြစ်ခဲသောကောင်လေးသည် ထူးဆန်းစွာရန်ဖြစ်သည်မို့စိုးရိမ်သည်တော့ဆန်းမနေခဲ့။
"ဦး..ဦးလား!"
"ကျိရန်!"
အနောက်ဘက်ရှိ အသံတိုးသဲ့သဲ့ကြားရသည်က မည်သူမှန်းသိသည်မို့လက်ကောက်ဝတ်လေးအားဆွဲယူမိသည်။မျက်နှာကလေးသည် အနည်းငယ်ဖူးယောင်မှုနှင့်။မျက်မှောင်သည်အလိုလိုကုတ်မိသွား၏။စိုက်ကြည့်မိတော့မျက်ခွှာချသည့်ကောင်လေးရယ်။ ထိုကောင်လေးနှင့်မှ သူသည်အရူးမီးဝိုင်းစိတ်ပူတတ်တာမျိုး...။
"ဘယ်.ဘယ်လိုလုပ်အိမ်ရှေ့ရောက်နေတာလည်းဦး.."
"လိမ္မာတဲ့ကောင်လေးက ရန်ဖြစ်တယ်ဆို"
သိခဲ့သည်လားဆိုသည့်မျက်ဝန်းလေးများ..။ကားခန်းရှိ အနံ့သင်းသင်းမုန့်ထုတ်များအားကောင်လေးတွေ့၍ သဘောပေါက်ပုံပေါ်သည်။
"မထင်မှတ်ပဲဖြစ်သွားတာလေးပါ.."
ရန်ငြိုးမရှိသောကောင်လေးပင်။ တစ်ဖက်ရှိကျောင်းသားများစ၍သာဖြစ်ပါလိမ့်မည်။သက်ပျင်းအသာချလိုက်မိသည်။ ချစ်ရသူလေးအားလေသံမာနှင့်မဆူချင်ပါလေ။ဒဏ်ရာနည်းနည်းနှင့်မျက်နှာလေးအား ထိတွေ့မိသည့်အခါ.နာကျင်လို့မဲ့သွား၏။
YOU ARE READING
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...