"ဘာ!"
တစ်ယောက်တည်းသာရှိသောဝန်ကြီးစုန့်ကျိုး၏အခန်းသည်အသံကြောင့်ဟိန်းထွက်သွားခဲ့၏။ ကြားရသည့်သတင်းသည်သူ့အတွက်ရာသွေးပျက်ဖွယ်ပင်။ထွက်ပြေးသွားပြီဖြစ်သည့်ကျားရန်။ လန့်ထိတ်မှုကြောင့် ခုံစောင်းအားလက်နှင့်ပင်ထောက်ထားရ၏။ သိပ်မကြာသည့်အချိန်တွင်သွားတွေ့စဉ်က မနေချင်တော့ဘူးဟုပြောပင်မဲ့ ခုလိုမျိုးထွက်သွားသည့်အခါ သူဘာလုပ်ရမည်မှန်းမသိတော့။
"ကျားရန်ကို ရအောင်လိုက်ရှာ.မတွေ့မချင်းရှာနော်.."
တုန်လှုပ်စွာအမိန့်ပေးလို့ဖုန်းချမိပါ၏။ ဒီအတိုင်းသာထွက်သွားလျှင်ကိစ္စမရှိပေမဲ့လို့.သားလေးကျိရန်အားထိခိုက်လာမှာသူမလိုလား။ အယောဂကြောင့်သားလေးသာ.မွေးစားသားမှန်းသိသွားလျှင်။သူ့မိန်းမ၏ကိုယ်ပွားလေးလည်းဖြင့် တစ်ယောက်တည်းသာရှိသည့်သားလေးမို့ သူအတ္တကြီးမိပါသည်။ နံရံထက်တွင်လွန်ခဲ့သည့်၁၀နှစ်ကအမှတ်တရဖြစ်ရိုက်ခဲ့သောမိသားစုပုံလေး။ဆက်လက်လို့ရှိစေချင်ပါသည်။
"ကျွန်တော်သိပြီးသားအဖေ.."
တိုးတိတ်စွာပြောမိပါ၏။ခပ်စေ့စေ့တခါးနောက်တွင်ကျိရန်တစ်ချိန်လုံးရှိခဲ့သည်။တုန်လှုပ်နေသည့်ဖခင်ကြောင့်အနည်းငယ်ဆက်နားထောင်ခဲ့ရုံ။ အရက်သောက်လျှင် အမှန်တရားများထွက်သည့်အဖေ့ဒရိုင်အား သူမေးခဲ့ပါ၏။ မွေးစားသားဆိုသည်အား.သူသိခဲ့ရဖူးသည်။တုန်လှုပ်စွာဖြစ်နေပါသောအဖေသူ့အားမမြင်ခင် အောက်ထပ်သို့ဆင်းခဲ့၏။အဖေ့၏သားလေးအဖြစ်နေရခြင်းအားသူနှစ်သက်သည်မို့ ဆက်ရှိနေပါ့မည်။
*********************************************
****မျက်မှန်ဝိုင်းလေးတပ်လို့မှန်အားကြည့်မိ၏။ ရဲစပ်နေပါသောမျက်လုံးများသည်မျက်မှန်အကူညီနှင့် daddyမသိနိုင်စေရန်ပင်။ ညတိုင်းငိုနေခဲ့ရတာရှောင်းကျန့်အတွက်ကြာမြင့်ခဲ့ပြီ။ တွေးမိချိန်တိုင်းဝေ့တတ်မိသည်မျက်ရည်အား လက်ကလေးနှင့်အသာသပ်မိ၏။ ခပ်အုပ်အုပ်လေးချမိသည့်ဆံပင်လေးကြောင့် မျက်လုံးအားdaddyဂရုစိုက်မည်မဟုတ်တော့ပါ။နာကျင်ရသည်တွေများလာခြင်းကြောင့် ရှောင်းကျန့်ဖုံးကွယ်တတ်နေပြီ။
YOU ARE READING
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...