"အခန်းထဲမှာ ရှိနေပါတယ်black"
ကျားလော့၏စကားအားခေါင်းငြိမ့်လို့ အိမ်ကြီးအတွင်းဝင်ခဲ့သည်။ အဆင်သင့်ဖွင့်ဟပေးသောတံခါး၏အနောက်တွင်မမြင်ချင်ခဲ့သည်လား မြင်ချင်သည်လားမသိသည့်မျက်နှာသည်ကျားရန်ပင်။ လက်နှစ်ဖက်သည်နောက်ပြန်ကြိုးတုတ်ခံထားရ၍ မျက်နှာတွင်သွေးများသည်ပေပွနေလျှက်။ပြန်ဆုံရလိမ့်မည်လို့မထင်ထားခဲ့ပါ။
"ကျွန်တော်နိုးလိုက်ပါ့မယ်.."
ဒဏ်ရာများနှင့်ငိုက်စိုက်ကျနေသည့်ခေါင်း။မှိတ်ထားသောမျက်ဝန်းကြောင့်ကျားလော့သည်ရေတစ်ပုံးနှင့် နိုးစေ၏။ မွန်းသွား၍နိုးလာသူသည် သူ့အားမြင်သည့်အခါနှုတ်ခမ်းစွန်းတစ်ဖက်တတ်လို့ပြုံးလာ၏။စိတ်အားအတတ်နိုင်ဆုံးလျော့ထားသည်မို့ရှေ့ရှိခုံ၌ထိုင်လိုက်သည်။
"ငါ့ကိုမစောင့်ဘူးရိပေါ်..တော်သေးတယ်နောက်ကျတော့မလို့"
ပီကေဝါးသံနှင့်ထပ်ရောက်သူသည်ဟောက်ရွှမ်းဖြစ်၏။အနားတွင်မတ်တပ်ရပ်လို့ကျားရန်အားသေချာကြည့်နေသည်။
"ကျားရန်..အင်း.မင်းကိုဓာတ်ပုံထဲမှာတစ်ခါပဲမြင်ဖူးတာ သိအောင်ပြောပြဦးမယ် အဖေကမသေခင်မင်းအလာကိုမျှော်သေးတယ်.."
အနည်းငယ်ပျက်ယွင်းသွားသည့်ကျားရန်၏မျက်နှာ။ထို့နောက်သူ့အားပြန်ကြည့်၏။ ကျားရန်ဘက်ကစကားအားနားထောင်မည်ဖြစ်သည်မို့ ရိပေါ်ဘာမှမပြောဖြစ်သေးပါ။
"ဒီတစ်ခါတော့ငါ့ကိုမိပြီပေါ့..ဘယ်လိုလည်းဝမ်ရိပေါ်မင်းသိပ်ခံစားနေရလား!..."
စိတ်ရှိတိုင်းသာဆိုကျားရန်သည်ယခုအနေထားနှင့်ရှိမည်မဟုတ်။အသက်ပျောက်နေပြီဖြစ်သည်။စိတ်တွေအားလျော့ချထားသည်မို့သူသိချင်သည့်အကြောင်းရာကိုသာကျားရန်ပြောစေချင်၏။စိုက်ကြည့်မိသောမျက်ဝန်းအားအကြည့်မလွှဲသည့်သူ့ကြောင့်ရိပေါ်ဟက်ခနဲရီမိသည်။
YOU ARE READING
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...