part34❄

7.1K 547 67
                                    

bathtube အတွင်းထိုင်​လို့မျက်​လုံး​လေးဖိမှိတ်​ထားမိသည်​။ အရာအားလုံးပြီးဆုံးပြီလို့​ရှောင်းကျန့်​ခံစားရသည်​။ အမှန်​တရားအားသိခြင်း​နောက်​မှာဝမ်းနည်းမှု​တော့ရှိပါ၏။ အစကတည်းတွင်​ daddyသည်​သူ့အား​မွေးစားထားသည်​လို့​ပြောခဲ့ပါ၏။ သို့​ပေမဲ့daddy၏စိတ်​တွင်​​တော့တူတစ်​​ယောက်​လို။အမှန်​တရားတွင်​​တော့​တော်​ဆက်​မှုမရှိ​ခဲ့​တော့။ယခုလိုမျိုး​ပြောင်းလဲခြင်းအ​ပေါ် ဝမ်းနည်းသည်​ကလွဲလို့ခံစားမှုမများခဲ့ပါ။သို့​ပေမဲ့ မိဘမရှိသည်​အားပြန်​​​တွေးလျှင်​မျက်​ရည်​ကျမိပြန်​၏။ နာမည်​ပင်​သိခွင့်​မရှိမခဲ့​သောမိဘများအား.သိချင်​သည်​​တော့မှန်​ပါသည်​။..

"​ရေချိုး​နေတာရပ်​သင့်​ပြီက​လေးငယ်​!"

သူ့မျက်​လုံး​လေးပွင့်​သွားခဲ့ရသည်​။ အပြင်​ဘက်​တွင်​daddyလှမ်း​အော်​​နေပြီဖြစ်​၏။မျက်​နှာ​ပေါ်ရှိ ​ရေစက်​များအားသပ်​ချလိုက်​သည့်​အခါ​ရှောင်းကျန့်​စိတ်​များရှင်းခဲ့ပြီ။daddyတစ်​​ယောက်​လုံးရှိပါသည်​​လေ။မည်​သည့်​အရာမှမလိုအပ်ေ​လာက်​​အောင်​daddyရှိသည်​မို့။ bathrobe ​လေးအားဝတ်​ရင်းအပြင်​ထွက်​ခဲ့လိုက်​သည်​။

"daddy.​ရေ.."

သူ့အဖို့ရာအဝတ်​စားထုတ်​​ပေး​နေ​သောdaddy။နောက်​၌​ပွေ့ဖက်​မိ​တော့ လက်​​နောက်​ပြန်​လို့သူ့​ခေါင်း​လေးအားပွတ်​​ပေးလာသည်​။ ​ကျောပြင်​ကျယ်​တွင်​​ရှောင်းကျန့်​​ခေါင်း​လေးပွတ်​သပ်​​နေမိသည်​။daddyသည်​သာသူ့အတွက်​ရှိ​နေလျှင်​မည်​သူမှမလိုအပ်​ပါ​လေ။

"က​လေးငယ်​ ချွဲ​နေတာ​လေးရပ်​လိုက်​..အကျီ င်္ဝတ်​ရ​အောင်​"

"ဟင့်​အင်း.."

မျက်​နှာချင်းဆိုင်​သည့်​daddyလက်​အတွင်း အဝါ​ရောင်​ညဝတ်​စုံ​လေးရှိ​နေခဲ့သည်​။ ​ရှောင်းကျန့်​ချွဲလို့မဝ​သေး။ရင်​ဘက်​ကျယ်​ကြီးအား​ခေါင်း​လေးနဲ့​ဝှေ့မိသည်​။daddy၏ခပ်​လွင်​လွင်​ရီသံအားသူသ​ဘောကျသည်​။ထိုသို့ချွဲသည်​ကိုလည်းdaddyသ​ဘောကျသည်​​လေ။

Daddy, don't hurt me (Completed) Where stories live. Discover now