လက်အတွင်း၌စားစရာများအားကိုင်လို့ကလေးငယ်သည်သိပ်ပျော်နေပုံရ၏။ ပထမဆုံးကလေး၏ရွေးချယ်မှုသည်ညဈေးတန်းလေးပင်။ များသောလူအရေတွက်၏အလယ်မှာလျှောက်လည်ချင်သည်က ကလေးငယ်၏ဆန္ဒဖြစ်သည်တဲ့။ ခြေထောက်လေးများသည်ဟိုနေရာဆိုလျှင် လျစ်ခနဲ။ထိုနေရာဆိုလျှင်လျစ်ခနဲနှင့်မို့ လက်ကလေးအားမပြုတ်စေရန် ဆွဲထားရသည်ကသူ့တာဝန်ပင်။"ခဏနေဦး ကလေးငယ်"
"ဟင်!"
မော့ကြည့်လာသောမျက်ဝန်းလေးသည်ဖြူစင်နေလျှက်။နှုတ်ခမ်းလေးတဝိုက်တွင် အရည်တချို့ပေနေမှုကြောင့် အကျီ င်္နှင့်ဆွဲသုတ်ပေးမိ၏။ အပေါ်တွင်ဝတ်ထားပါသောအကွက်ကြဲအကျီ င်္သည်သူ့အသည်ရွယ်နှင့်ဆိုလျှင် အဆင်ပြေပါသည်။ကလေးငယ်အတွက်ဆိုလျှင် လူကြီးဆန်နေလိမ့်မည်။သို့ပေမဲ့ ကလေး၏ဘောင်းဘီသည်သိပ်တိုနေ၏။ မဝတ်စေရန်ဆိုခဲ့ပေမဲ့ ကလေးငယ်သိပ်ဆိုးသည်။ ထိုဘောင်းဘီသာဝတ်ရန်လုပ်သည်မို့ဝယ်ပေးခဲ့ရသည်။ယခုတော့ အသွားလာလူများသည် ကလေးငယ်အားလည်ပြန်ငေးသည်အထိ။ဒူးလောက်ပေမဲ့ သဝန်တိုတတ်လွန်းသောသူသည် အကြည့်နှင့်တင်မခံနိုင်ပါ။ ခါးလေးတွင်ပတ်ပေးမိသောအကျီ င်္။ကလေးငယ်၏မျက်နှာကလေးဆူပုတ်သွားသည်။
"ဝတ်ချင်လို့ပါဆို.."
"တိုတယ်...."
"သိတယ်လေ..."
နှုတ်ခမ်းအားတင်းတင်းစေ့လိုက်သည်။ ထိုကလေးငယ်daddyအားဂျစ်ကန်ကန်လုပ်နေပြန်ပြီ။
"ညဈေးတန်းဆက်မသွားချင်ဘူးလား.."
ဆူပုတ်သွားသောမျက်နှာလေး။နှုတ်ခမ်းလေးသည်ရှေ့သို့ထော်ထွက်လာ၏။အသည်းယားမှုအားနှုတ်ခမ်းကိုသာဖိကိုက်မိ၏။ ကွက်ကြည့်ကြည့်နှင့်လုပ်လာသောလူများရယ်လေ။သူသတိမထားမိခဲ့။အနေထားသည်ကလေးငယ်၏ရှေ့တွင်သူသည်ဒူးထောက်ရက်နှင့်မို့။ ကြည့်နေသောကလေးငယ်၏မျက်နှာလေးသည် တဖြည်းဖြည်းရဲစိုလာ၏။ ခေါင်းလေးပင်ငုံ့နေသည်မို့ သူမတ်တပ်ထရပ်လိုက်ပါ၏။ လူများသည်သူတို့နှစ်ယောက်အားဘာလို့ ကြည့်နေပါသလည်း။ကလေးငယ်ရှက်နေပြီလေ။
YOU ARE READING
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...