"ကလေးငယ် ထတော့လေ"ပါးဖောင်းလေးတစ်ဖက်သည်ခေါင်းအုံးအတွင်းသို့နစ်ဝင်စွာအိပ်နေပါသောကလေးငယ်။ နှာခေါင်းလေးအားညှစ်ဆွဲရင်းနိုးမိသည်။ ကလေးငယ်သည်ကြာလေအပျင်းလေးဖြစ်လာလေ။ကျောင်းသွားရမည်အားသိရဲ့နဲ့ မထသေးပေ။ မျက်ခွံလေးပေါ်သို့အနမ်းခြွေမိတော့ လှုပ်ခတ်လာသောမျက်တောင်လေးရယ်ပါ။ နဖူးပေါ်ရှိဆံစလေးအားအသာသတ်ပေးရင်း အကြိမ်ကြိမ်နိုးမိသည်။
"ကလေးငယ် ကျောင်းသွားရမယ်လေ"
ပါးလေးအတွင်းလက်ညိုးဝင်အောင်ထိမိတော့မဲ့သွားသည့်ကလေးငယ်။ ဖြေးဖြေးချင်းဖွင့်လာသောမျက်လုံးလေးများသည် သူ့အားမြင်သည့်အခါ နှုတ်ခမ်းလေးဆူပြ၏။ မျက်လုံးမြင့်တတ်ရင်း ကြည့်ပေးတော့ ပိုလို့ထော်လာသောနှုတ်ခမ်းလေးရယ်လေ။ ကလေးငယ်စိတ်တိုင်းကျငုံထွေးပေးတော့ ကိုယ်လုံးငယ်သည်ကုတင်ထက်တွင်ထထိုင်၏။ ဆန့်ပေးသည့်လက်ကလေးများကြောင့် ပိုလာကောင်လေးအား ခါးထက်တွင်ချီပေးရသည်။မေးဖျားလေးသည်ပခုံးပေးသို့ ရောက်လာခြင်းသည်လည်းအချစ်ပိုရခြင်းတစ်မျိုးပင်။
"အပျင်းလေးဖြစ်နေတာ..daddyမျက်နှာသစ်ပေးရမှာလား"
"ဟင့်အင်း..daddyအလုပ်ပိုနေလိမ့်မယ်"
မပွင့်တပွင့်မျက်လုံးလေးများနှင့် သမ်းဝေနေသည့်ပါးစပ်ကလေး။ ရေချိုးကန်ဘောင်ပေါ်တင်ပေးရင်း သွားတိုက်ဖို့ရာအဆင်သင့်လုပ်ပေးမိသည်။ ထိုးပေးမိသောသွားပွတ်တံလေးအား ကိုယ်တိုင်ယူတိုက်သောကလေးငယ်။ လိမ္မာပါသည်။ သွားတော့ကိုယ်တိုင်တိုက်သည်မလား ။နဖူးလေးအသာနမ်းရင်းအခန်းပြင်ထွက်ခဲ့ပေးမိ၏။ သူသည်လည်း အရေးကြီးအစည်းဝေးကြောင့် အလုပ်သို့သွားရမည်။
"daddyရေ"
ဝတ်ပြီးသောအကျီ င်္အားကြယ်သီးတပ်နေစဉ်ကလေးငယ်သည် ရေချိုးအတွင်း၌ထွက်လာပြီဖြစ်သည်။ သို့ပေမဲ့တခြားနေရာသို့တော့မဟုတ် သူ့ရင်ခွင်သို့ရောက်လာခြင်းပင်။မေးဖျားလေးသည်ရင်ဘက်အားထောက်လို့ မော့ကြည့်နေပြန်၏။.ရှင်းသန့်နေသောမျက်နှာလေးသည် သူ့အတွက်ရာကြည့်မဝစရာပင်။ နှာခေါင်းလေးအားလက်နှင့်ညှစ်မိတော့ တခိခိရီနေပြန်၏။
YOU ARE READING
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...