part57❄

4K 335 39
                                    

"ဒီ​လောက်​နဲ့ပဲရပ်​ရ​အောင်​ စာ​မေးပွဲကမကြာ​တော့ဘူး​နော်​..စာ​တွေလုပ်​ထားကြဦး..."

စာအုပ်​တစ်​အုပ်​ကိုင်​လို့ထွက်​ခွာသွားသည့်​ဆရာမ။ တချိန်​လုံးပျင်းခဲ့ရသည့်​ စာချိန်​အပြီး ​ရှောင်းကျန့်​လက်​က​လေးများဆန့်​တန်းလို့အပျင်းဆန့်​လိုက်​သည်​။ အင်္ဂလိပ်​စာကိုသူတကယ်​မုန်းတာ။ သိမ်းဆည်းပြီး​သောစာအုပ်​​လေးအပြီး..လွယ်​အိတ်​ထဲရှိ​ဆေးလိပ်​​ဘူး​လေးအားထုတ်​ယူလိုက်​သည်​။ သို့​ပေမဲ့ဆွဲယူခံလိုက်​ရပြန်​သည်​။ အခြားသူမဟုတ်​သည့်​ကျိရန်​သည်​ ​ဆေးလိပ်​​သောက်​တိုင်းတားမြစ်​​နေတုန်း..။

"တစ်​လိပ်​..တလိပ်​ပဲ​သောက်​မှာ..."

"တစ်​ခါရှူ​တောင်​မရဘူးမှတ်​.."

ရှောင်းကျန့်​မျက်​နှာ​လေးဆူပုတ်​သွားသည်​။အမြဲတမ်း​သောက်​သည်​မဟုတ်​ပါဘဲ။ ​ခြေ​ထောက်​က​လေးအားတချက်​​စောင့်​​တော့ ​ကျိရန်​နှင့်​ထပ်​တူ​ကျောချန်​သည်​လည်း​ခေါင်းခါ၏။ခုံ​ပေါ်​ခေါင်း​မှောက်​လို့ ​နေမိသည်​။ ပတ်​ဝန်းကျင်​တွင်​အသံသည်​မကြားရ​တော့။ စာသင်​ချိန်​အပြီး လူအားလုံးကန်​တင်း​ရောက်​​နေကြပြီဖြစ်​သည်​။ 

"ဗိုက်​ဆာလာပြီ..."

"ကန်​တင်းသွားရ​အောင်​..."

ကျောချန်​၏ဦး​ဆောင်​မှုနှင့်​ ကန်​တင်းဆီသို့သာထွက်​ခဲ့၏။ မည်​သို့မှန်းမသိ​ပေမဲ့ ထို​နေ့အ​ခြေ​နေ​လေးသည်​အနည်းငယ်​ထူးခြား​နေ၏။ ဝင်​ထိုင်​သည်​နှင့်​ အချို့ကွက်​ကြည့်​​နေ​သောလူများရယ်​​ကြောင့်​ စိတ်​တွင်​​နေရမ​ကောင်းခဲ့။သို့​ပေမဲ့ မသိချင်​​ယောင်​​သာ​နေမိသည်​။ မကြာသည့်​အချိန်​တွင်​ အ​ရှေ့သို့​ရောက်​လာ​သောစားစရာများ။ကိုယ်​တိုင်​ယူစရာမလို​အောင်​ပင်​ daddy ၏bodyguard များသည်​အဆင်​သင့်​ပြုလုပ်​​ပေး၏။ ​ရွေးချယ်​စရာမလိုရန်​ အစားစာများမို့ ​ရှောင်းကျန့်​သ​ဘောတကျစားသည်​။

"​မော့ရှင်းလုံ နဲ့ဖြစ်​တဲ့ပြဿနာ မင်းတို့အဆင်​​ပြေရဲ့လား.."

Daddy, don't hurt me (Completed) Where stories live. Discover now