ဆေးရုံကုတင်ထက်တွင်ကလေးငယ်သည်လဲလျောင်းလျှက်။ ဆေးပိုက်များသည်နှင့်ဆက်သွယ်ထားရသည့်ကလေးငယ်ရယ်လေ။daddyရင်များအစိမ်းခွဲခံရသကဲ့သို့ပင်။ လက်နုနုလေးအားစုက်ကိုင်လို့ပါးထက်တွင်ကပ်မိသည်။ အေးစက်နေလျှက်လက်ကလေး။ မျက်စိရှေ့၌ပင်လွင့်စင်သွားသောကလေးငယ်။သူသွေးပျက်ခဲ့မိသည်။သူမတားခဲ့မိလို့ကလေးငယ်ကားတိုက်ခံရခြင်း။အနားရောက်သွားသည့်အချိန်တွင် ကလေးငယ်မေ့မြောနေခဲ့ပြီ။သူ့၏ခေါ်သံအားမကြားပေးခဲ့ပါ။
ခေါင်းထက်ရှိပတ်တီးလေးဖြူလေးသည်ကလေးငယ်နှင့်မလိုက်ဖက်။လွင့်စင်သည့်တနေရာသည် မြက်ပင်စုလေးများရှိသောလည်း မာသည့်မြေကြီးရယ်ကြောင့် ခေါင်းထိခဲ့ရသည်။ အသက်အန္တရာယ်ထိမဟုတ်ခဲ့ပေမဲ့ ကလေးငယ်ဘယ်ချိန်သတိရမလည်း.မမှန်းဆပေးနိုင်ကြပါ။
"daddyတောင်းပန်စကားနဲ့မလုံလောက်မှန်းသိပါတယ် ဒါပေမဲ့နိုးထပေးပါ.."
နဖူးလေးပေါ်သို့အနမ်းခြွေမိသည်။ ခါတိုင်းလိုမျက်ဝန်းလှလေးနှင့်မော့မကြည့်ခဲ့ပါ။ အရာအားလုံးသူ့၏အပြစ်သာ။ကလေးငယ်အားမချစ်နိုင်သလို မစွန့်လွှတ်ပေးနိုင်ခဲ့သည့်သူ။
ထိုအခြေနေနှစ်ရက်ကြားမှာကလေးငယ်သိပ်နာကျင်နေခဲ့မှာ။
တုံ့ပြန်အချစ်အားစောင့်မျှော်ရင်းကလေးငယ်နေခဲ့သည်။
သို့ပေမဲ့daddyသာကလေးငယ်အားနာကျင်အောင်ပြုမိပါ၏။မချစ်ပေးနိုင်လျှင်လည်းစွန့်လွှတ်ပေးလိုက်ပါလား။သို့ပေမဲ့အတ္တတွေကြီးမိသည့်သူ။ထို့ကြောင့်ကလေးငယ်နာကျင်ခြင်းပင်။မချစ်သည်မဟုတ်ပါ။မျက်နှာမပေးသည့်ကံကြမ္မာရယ်လေ။
ချစ်လွန်းလို့ခက်ပါသည်။
နိုးထလာလျှင် daddyပြတ်သားစွာဆုံးဖြတ်ပါမည်။အရာအားလုံးအားမေ့ပျောက်လို့ ကလေးငယ်အားချစ်မည်။တူဆိုသည်အားပယ်ပစ်လို့ မွေးစားသားတစ်ယောက်လို့မြင်မည်။ အချစ်တွေအားဖွင့်ပြမည်ဖြစ်သည်။
BINABASA MO ANG
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...