ကလေးငယ်အတွက်သီးသန့်ပြုလုပ်ပေးသည့်ပွဲဖြစ်သည်မို့ တခြားမည်သည့်ကိစ္စမှမရောယှက်ချင်ခဲ့။သို့ပေမဲ့ အလုပ်ကိစ္စသည်ပေါ်ပေါက်လာမှုကြောင့် ခဏလေးကလေးငယ်အားပျက်ကွယ်ပြုမိပါသည်။ပြန်မြင်ရသည့်အချိန်သည် မျက်မှောင်တွန့်ကျိုးရသည်အထိ။ လက်ကလေးတွင်အရက်ခွက်လေးလှုပ်ရမ်းနေသည့်ကလေးငယ်။ အနားသို့သွားလို့ရပ်မိတော့ ကလေးငယ်သည်မျက်နှာလေးခပ်ရဲရဲနှင့်။ အရက်ခွက်အားယူလို့ခုံပေါ်တင်မိလိုက်သည်။ လူအများတွင်ကလေးငယ်အားမဆူချင်ပါ။
"daddy.."
အသံတိုးတိုးသည်ထွက်လာ၏။ ကလေးငယ်အနားတွင်ရှိသောလူကြီးအချို့သည် အရိုအသေအနည်းငယ်ပြုလို့ထွက်သွား၏။ daddyမျက်နှာ မည်သို့အခြေနေတွင်ရှိသလည်းကလေးငယ်နားလည်လောက်မည်။နှုတ်ခမ်းလေးဆူလို့ အပြစ်မပြောစေရန်ရည်ရွယ်နေ၏။ အနားရှိဟောက်ရွှမ်းအားကြည့်မိပါတော့ ပခုံးတွန့်ပြသည့်သူ။
"လူမှုရေးလေကွာ.ပြီးတော့ ရှောင်းကျန့်လည်းကလေးမှမဟုတ်ဘဲ.."
ဟောက်ရွှမ်း၏စကားကြောင့် မျက်မှောင်သည်ပို့လို့တွန့်ကျိုးသွားရ၏။ကလေးငယ်သည်သူ့အတွက်တော့ ဂုတ်ခွစီးနေသည့်အရွယ်ကလေးသေးသေးလေးပင်။ အရွယ်ရောက်လာပေမဲ့ ရင်ခွင်အတွင်းနေရွယ်လို့ပဲသူသတ်မှတ်ခဲ့တာ။ အတ္တလို့ပင်ဆိုလည်း ခံနိုင်၏။ ကလေးငယ်သည်သူ့မျက်လုံးတွင် အရွယ်မရောက်သေးခဲ့ပါ။
"daddyမကြိုက်မှန်းသိရက်နဲ့.."
"daddy မိတ်ဆွေတွေက တိုက်တော့ ကျွန်တော်လည်းအားနာလို့....."
သက်ပျင်းအသာချမိသည်။ ကိုယ့်အတွက်ကြောင့်နှင့်ပဲ။ကလေးငယ်ဆံပင်လေးအားအသာသတ်လို့မျက်နှာသေးသေးလေးအားကြည့်မိသည်။ အနည်းငယ်တောင်ရဲနေလေ၏။ ကလေးငယ်အားမည်သည့်မူးယစ်ပစ္စည်းမှမသုံးစေချင်သည်ကသူ့ဆန္ဒပင်။ မပျက်စီးရလေအောင် ထားချင်သည်မို့။
YOU ARE READING
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...