part15❄

7.4K 562 12
                                    


၁၀ခန့်​အချိန်​မို့က​လေးငယ်​အိပ်​​ပျော်​​နေပါလိမ့်​မည်​။ စိတ်​ဆိုးသည်​ထက်​နာကျင်​​နေပါ​သောက​လေးငယ်​သည်​ သူ့အသား​တောင်​အထိမခံပါ​တော့။ တံခါး​လေး​ဖြေးညင်းစွာဖွင့်​လို့ဝင်​ခဲ့သည်​။စောင်​ထဲတွင်​ ​ခွေ​ခွေက​လေးအိပ်​​ပျော်​​နေပါ​သောက​လေးငယ်​။မျက်​ရည်​များသည်​​နေ့ရက်​ဆက်​မို့ က​လေးငယ်​ပင်​ပန်း​နေပြီလား။အနားတွင်​အသာဝင်​ထိုင်​လို့ကြည့်​မိသည်​။ မထိရက်​မကိုင်​ရက်​စွာထားခဲ့ပါ​သောမျက်​နှာနုနသည်​ daddyအသည်းအားခွဲဖို့ရာဒဏ်​ရာများစွာနှင့်​။ ဖူး​ယောင်​​နေသည့်​ပါးက​လေး​ကြောင့်​မထိရက်​စွာ။.ကိုယ်​လုံးငယ်​ရှိစောင်အားအသာခွာယူ​တော့​ကျောင်းဝတ်​စုံကိုယ်​လုံး​လေးတွင်​ကပ်စမြဲ။.ညစ်​ပတ်​​နေပါ​သောဝတ်​စုံက​လေး​ကြောင့်​လဲ​ပေးချင်​​ပေမဲ့ daddyတွင်​သတ္တိမရှိတာက​လေးငယ်​နားလည်​လှည့်​ပါ။

အနည်းငယ်​လန်​​နေပါ​သောအကျီ င်္​ကြောင့်​ ဗိုက်​က​လေးတွင်​ကန်​​ကြောက်​ရာများသည်​ထင်းလျှက်​။သက်​ပြင်းသာချယူမိသည်​။ အသိရှိရက်​နှင့်​က​လေးငယ်​အားဂရုစိုက်​မှု​တွေပြချင်​​ပေမဲ့လို့ အိပ်​စက်​ချိန်​မှဂရုစိုက်​​ပေးခွင့်​သာdaddyမှာရှိသည်​။ ​မျက်​နှာနုနုအားအဝတ်​စို​လေးဖြင့်​သန့်​ရှင်းရသည်​။ဆေး​လေးအားအသာပွတ်​လိမ်း​ပေး​တော့ အိပ်​စက်​​နေ​သောက​လေးငယ်​သည်​ တွန့်​တတ်​ရသည်​။ထိုမျှ​လောက်​နာကျင်ရ​က်​နဲ့daddy​ရှေ့တွင်​က​လေးငယ်​ဟန်​​ဆောင်​သိပ်​​ကောင်းခဲ့သည်​။ ဗိုက်​က​လေးထက်​တွင်​တွင်​​ဆေး​လေးလိမ်းလို့အာ​ငွေ့​ပေးပါ၏။ နှစ်​ချိုက်​စွာအိပ်​​ပျော်​​နေ​သောက​လေးငယ်​သည်​ ပုံစံမပျက်​။

"နာကျင်​ရရင်​ daddyကို​ပြောပါ ဒီလို​တွေမလုပ်​နဲ့"

ကျော​လေးအားအသာပွတ်​လို့ဖြစ်​ချင်​သည်​အား​ပြောပြမိသည်​။မကြားနိုင်​​ပေမဲ့ က​လေးငယ်​အိမ်​မက်​တွင်​daddyကာကွယ်​​ပေး​နေသည်​ဆိုတာ​လေးသိ​စေချင်​ခဲ့ရုံ။ဆံပင်​​ပျော့​ပျော့​လေး​အားအသာသက်​တင်​လို့ နဖူး​လေး​ပေါ်အနမ်း​ခြွေမိသည်​။ဖြူစင်​စွာနမ်းခြင်း​ဆို​ပေမဲ့ အမှန်​ဟုတ်​ရဲ့လားဆိုတာကိုယ်​တိုင်​သာသိ​ပေလိမ့်​မည်​။

Daddy, don't hurt me (Completed) Where stories live. Discover now