မျက်စိရှေ့၌အလုပ်လုပ်နေသော daddyသည်ခန့်ညားမှုကိုဆောင်နေလျှက်။ဆံပင်များအားအပြောင်လှန်သိမ်း၍အမြဲတမ်းထားမှုကြောင့် ရှင်းလင်းနေသည့်မျက်နှာချောချော။ ဝတ်ဆင်မှုသည်အနက်ကိုသာdaddyဦးစားပေးသည်။ မေးထောက်လို့ကြည့်မိပေမဲ့ ကြာလာသည့်အချိန်များတွင်ရှောင်းကျန့်ပျင်းနေပြီဖြစ်၏။ ကျောင်းပိတ်ရက်အတွင်းအိမ်မှာမနေချင်သောကြောင့် daddyသို့ရောက်နေခြင်းပင်။တွေးမိခြင်းများသိပ်များ၏။ ရှောင်းကျန့်၏စိတ်တွင် အနည်းငယ်မရှင်းလင်းမှုများရှိသည်။ daddy၌အခြားအလုပ်တစ်ခုရှိနေသည်ရှောင်းကျန့်မှန်းဆမိသည်။ သို့ပေမဲ့ရှောင်းကျန့်မမေးချင်။daddyကိုယ်တိုင်ပြောလာမည်များကိုသာစောင့်နေခြင်းပင်။ ဖုံးကွယ်ထားသည့်အချို့အရာများအား.daddyမပြောခဲ့ဘူးဆိုလျှင် နှစ်ချီခဲ့ပြီ။ သူနှင့်မသက်ဆိုင်လို့သာdaddyဖုံးကွယ်ထားခြင်းဖြစ်ပါလိမ့်မည်။
"ပျင်းတယ်..."
daddyကြားအောင်တမင်ရွတ်နေမိခြင်း။သူ့အနေနှင့်ယခုလိုမျိုးရုံးခန်းအတွင်းမှာငြိမ်ငြိမ်လေးထိုင်နေမှုသည်အဆင်မပြေလှပါ။daddyအားမျက်လုံးလေးလှန်ကြည့်မိသည်။အလုပ်ရှုပ်နေသည့်daddyရယ်ပါ။ ဆိုဖာပေါ်တွင်ပတ်လက်ကလေးလှန်လိုက်၏။အနားရှိတစ်ရှူးဗူးလေးအားဗိုက်ပေါ်တင်လို့ကစားမိသည်။တစ်ရွက်ချင်းဆွဲထုတ်မိသောတစ်ရှူးလေးများ။အခင်းပြင်တွင်ဖွေးစွာပွစာကြဲနေ၏။ ကုန်သွားသည့်အခါတွင်ထိုဗူးလေးအားဘေးတွင်ပြန်ချထားမိ၏။ ခြေထောက်လေးနှစ်ချောင်းအားအပေါ်ထောင်လို့လှုပ်ရမ်းမိသည်။ ပျင်းနေခြင်းသည်လျော့ပါးမသွားပေ။
"ကလေးငယ်!"
အသံနှင့်ထပ်တူရှောင်းကျန့်ခြေထောက်လေး လေပေါ်တွင်မရှိတော့။daddy၏လက်နှစ်ဖက်အတွင်းဖမ်းချုပ်ခြင်းခံလိုက်ရသည်။ အနားရောက်လာသည့်daddyရယ်ကြောင့်ရှောင်းကျန့်ပျော်သွားသည်။သို့ပေမဲ့ daddyသည်မျက်မှောင်ကုတ်လို့သူ့ဘောင်းဘီအားဆွဲချပေးနေ၏။
YOU ARE READING
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...