"အ့."နှုတ်ခမ်းထောင့်ရှိပေါက်ပြဲရာအား အရက်ပြန်တို့ခံရခြင်းကြောင့် စပ်ဖျင်းဖျင်းဖြစ်ရသည်။ ပြုလုပ်ပေးနေသူသည် သူ့သူငယ်ချင်းကျိရန်။ တရားတွေဟောတော့မည်အားသူသိသည်။မျက်စောင်းနှင့်ရွယ်ကြည့်နေမှုကြောင့် ခပ်ကုတ်ကုတ်ကလေးနေရပါ၏။
"အခုမှ အ့တွေဘာတွေလုပ်မနေနဲ့..ရှောင်းကျန့်..မင်းမလည်းအမှတ်တရားမရှိတာလား.."
မသိချင်ယောင်ဆောင်နေခြင်းသည် နားငြီးသက်သာမည့်နည်း။ကျောင်းဝန်းရှိခုံလေးပေါ်တွင် သူနှင့်ကျိရန်နှစ်ယောက်ဖြစ်သည်။ အတန်းအားလစ်လို့ ဂိမ်းထွက်ဆော့သည်။ သူ့အတွက်ပြဿနာဆိုတာရှာစရာပင်မလိုပေ။ အပြန်လမ်းတွင်ရန်ပွဲဖြစ်၏။ ထိုသည်အားကျိရန်မသိ။အကြောင်းသည်အတန်းလစ်လို့ ဂိမ်းသွားဆော့သည်မှာကျိရန်မပါ။ ကျောချန်နှင့်သူနဲ့နှစ်ယောက်။.ထိုကဲ့သို့ဒဏ်ရာရလာတိုင်း ငြီးငြီးငြူငြူလုပ်ပေးသူက ကျိရန် ။သူငယ်ချင်းသုံးယောက်မှာကျိရန်သည်အကြီးဆုံးဖြစ်သည်။
"မင်းကလည်း..အဲ့ဒါတွေပြောမနေပါနဲ့.ပြဿနာကငါရှာတာမဟုတ်ဘူး.."
"ဒါဖြင့်ခြေထောက်ပေါက်ပြီးရောက်လာတာလား.."
ဒေါသသံနှင့်အတူ နှုတ်ခမ်းထောင့်အားဖိချလိုက်ခြင်းကြောင့် တော်တော်လေးနာရပါသည်။ ဒဏ်ရာရတိုင်း အိမ်ရှိလူကြီးအား မသိအောင် ကျိရန်ကချည်းကူညီသည်မို့ အထွန့်မတတ်ရဲ။ လက်လေးနဲ့အသာထိနေမိသည်။ဒီတစ်ခါဒဏ်ရာကတော်တော်များသွားသည် ။ဒူးခေါင်းမှာလည်းထိထားသည်ကို။ အထက်တန်းကျောင်းသားရှိသေးပေမဲ့ ရှောင်းကျန့်သူ့ကိုယ်ကိုသိသည်။သူတအားဆိုးလွန်းနေမှန်း..။
"ရှောင်းကျန့်..ဒီမှာဂွမ်းရပြီ..အရမ်းနာနေလား..အဆင်ပြေရဲ့လား.."
အလောတကြီးနှင့်ရောက်လာသည်က ကျောချန်ဖြစ်သည်။ ထိုလောက်ထိ ထိထားရက်နဲ့သူတို့နှစ်ယောက်သည်ဆေးပေးခန်းမသွားပါ။ထိုသို့သွားလျှင် ဖြစ်သမျှကိစ္စသည် အိမ်ရှိလူကြီး သိရော့မည်။ထို့ကြောင့် ထိုသို့ဖြစ်လေတိုင်း ကျောချန်သည်ဆေးပေးခန်းရှိဆေးဝါးအစုံသွားယူပေးသည်။ သွားယူလို့ရခြင်းသည် ဆေးဆရာမလေးသည် ကျောချန်အားချစ်နေခြင်းကြောင့်..။
ESTÁS LEYENDO
Daddy, don't hurt me (Completed)
FanficI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...