အလင်းအချို့သည်မျက်လုံးအတွင်းသို့အနည်းငယ်တိုးဝင်၏။ရှောင်းကျန့်လက်လေးများနှင့်ကာလို့ daddyရင်ခွင်အတွင်းတိုးဝင်မိ၏။ နွေးထွေးသည့်လက်များသည်သူ့ခေါင်းအားကိုင်လို့ ရင်ခွင်အတွင်းနေရာချ၏။သို့ပေမဲ့ ခါတိုင်းများလိုသက်သာသည့်အနေထားနှင့်ဟုတ်မနေခဲ့။ဆူညံသောအသံအချို့သည်လည်းနားအတွင်းဝင်ရောက်သည်နေသည်။ဖွင့်မိသောမျက်လုံးလေးတွင် ပထမဆုံးမြင်ရသူသည် daddyပင်။သူ့ဆံပင်လေးအားဖွဖွပုတ်လို့ပြုံးပြနေသူကြီး။ စောစောစီးစီးတောင်ချောမောနေသည်က ရှောင်းကျန့်၏ဘဲကြီးတဲ့လား။
"daddy.."
သူ့၏ခပ်အစ်အစ်အသံလေးအားdaddyသည်သဘောတကျပြုံး၏။ ငေးကြည့်မိသောအခါ.တစ်ဖန်ပိုလို့ဆူညံသည့်အသံသည်နားအတွင်းတိုးဝင်ပြန်သည်။ မျက်လုံးလေးအားဝေ့ဝဲကြည့်သည့်အခါရှောင်းကျန့်ရှိသည်က ကုတင်ပေါ်တွင်ဟုတ်မနေခဲ့။ သွားလာနေသည့်လူများနှင့် အသံတချို့ရှိရာလေဆိပ်၌ပင်။
"daddy.!"
"အင်း..ထိုင်းရောက်နေပြီ.."
သူ့၏မျက်လုံးနက်လေးသည်ဝိုင်းစက်သွား၏။ အမှန်ပင်ရှောင်းကျန့်တို့ထိုင်းလေဆိပ်တွင်ရှိနေခြင်း။ ထိုင်နေမိသည့်နေရာသည်လေယာဉ်ပေါ်၌။ သူ့၏ဝိုင်းစက်မျက်ဝန်းများအား daddyသည် လေနှင့်မှုတ်လို့မှိတ်စေ၏။ ရှောင်းကျန့်မျက်နှာလေးသည်အံ့သြပြီးနောက် ပြုံးခြင်းကိုဆောင်ခဲ့သည်။
"အား!! daddy!"
"ကလေးငယ် ပျော်နေရင် ရပြီ... "
daddyရင်ခွင်အတွင်းတိုးဝင်လို့တင်းကျပ်စွာဖတ်မိ၏။ ကျောလေးအားအသာပုတ်ပေးသည့်daddyရယ်လေ။ ညတုန်းတွင်သူခဏလေးသာအိပ်ပျော်ခဲ့ခြင်း။နိုးထသည့်အခါ ထိုသို့ရောက်ရှိနေသည်တဲ့လား။ ပျော်နေခြင်းသည်ပြောမပြတတ်။daddyသည်သူ့အားမည်သည့်အချိန်၌လျစ်လျူမရှုခဲ့ပါ။ထိုသို့အံ့သြစရာအားဖန်တီးပေးမည်လို့တော့မထင်ထားခဲ့။
YOU ARE READING
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...