အတန်းအတွင်းသို့ရောက်သည်နှင့် ပထမဆုံးတွေ့ရခြင်းကကျိရန်ပင်။လွယ်အိတ်လေးလွယ်လို့ ထမလိုထိုင်မလိုဖြစ်နေသူ။အတန်းဝတွင်တွေ့ခဲ့ပါသောကျောချန်သည်လည်း ထိုအခြေနေအားသိပုံမပေါ်ပင်။သူတို့နှစ်ယောက်အားမြင်ပါတော့ ပြုံးပြသည့်ကျိရန်။
"ဘာဖြစ်နေတာလည်း.."
"အာ.ငါ.ငါ..ဟို.ဦး.ဦးနဲ့သွားတွေ့မို့ ကျောင်းရှေ့မှာစောင့်နေတယ်ဆိုလို့."
ရှက်ရဲရဲမျက်နှာနှင့်ဆိုသူ။ ထိုလူကြီးသည် လူရှုပ်လို့ထင်ရပေမဲ့daddyပြောချက်အရ ကျိရန်အားတကယ်မြတ်နိုးသည်ဆိုသောကြောင့် မတားမြစ်တော့ပါ။ ခံစားရခက်သည့်အချစ်တွေကြောင့် သူ့လိုမဖြစ်စေဖို့ရာတွေးခဲ့မိပါ၏။
"သွားတွေ့လေ.ဆရာမနောက်ကျမယ်တဲ့"
ကျောချန်စကားဆုံးသည်နှင့်ထွက်သွားသူ။ ပြတင်းပေါက်အဆုံးရှိနေရာတွင်ဝင်ထိုင်ပါသည်။ကျောင်းရှေ့သို့ကြည့်မိတော့ကားအမှီလို့စောင့်နေသူ။ကျိရန်သည်ခပ်သွက်သွက်ကလေးပြေးသွားနေ၏။daddyလာကြိုချိန်များဆို မနိမ့်သည့်အလျှင်နှုန်းနှင့်သူပြေးသွားခဲ့ဖူးသည်။ *သားတစ်ယောက်လိုပဲကလေးငယ်* ဆိုသည့်စကားနောက်တွင်မျှော်လင့်ချက်ကလေးသည်ရှာမရတော့။ဝမ်းနည်းစိတ်သည်မဖိတ်ခေါ်ပါပဲရောက်လာ၏။ရစ်ဝဲလာသောမျက်ရည်အား တစ်ဖက်သို့လှည့်လို့ ဖိသုတ်မိပါ၏။
ရှောင်းကျန့်က daddyကြောင့်နှင့် လူကြားထဲမှာငိုတတ်နေတာမျိုး...။
"မျက်လုံးတွေနာမယ်..လက်ကိုင်ပုဝါသုံးသင့်တယ်"
"...."
"ဖြစ်နိုင်ရင် ငါ့ရှေ့မှာမငိုပါနဲ့လား"
အကျီ င်္လက်ရှည်စနှင့်ဖွဖွသုတ်ပေးသူသည်ကျောချန်။ မျက်နှာလွှဲမိတော့ရပ်တန့်သွားသည့် ။မျက်လုံးထောင့်တွင်မြင်ရသည်ကပြုံးလိုက်သည့်သူ။နာကျင်သည့်အပြုံးမျိုး။ ကျောချန်၏မြတ်နိုးစိတ်သည်သူနှင့်မတန်တာမို့ တခြားတစ်ယောက်အားပေးစေချင်ပါသည်။သူဆိုတာ.daddyမှချစ်တတ်တာမို့..။
YOU ARE READING
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...