မိုးလင်းရန်အစပြုချိန်ဖြစ်သည်။ အချိန်သည်မနက်၅နာရီဝန်းကျင်၌။ ဖြေညင်းစွာဆင်းလာခဲ့ပါသောရှောင်းကျန့်၏ခြေထောက်လေးများ။ ဖြတ်ကျော်ခဲ့သောလှေကားများအားအသံပင်မထွပ်စေခဲ့။အလင်းမဲ့နေပါသောဧည့်ခန်းရယ်ပေမဲ့ ခပ်သဲ့သဲ့မြင်ရသည့်အရာများ။ ဝေ့ဝဲကြည့်လို့ လူမရှိသည်ကသေချာခဲ့သည်။ရှောင်းကျန့် daddyအားသွားတွေ့မည်ဖြစ်သည်။ ထို့ကြောင့်လည်း တညလုံးမအိပ်စွာနေခဲ့ခြင်း။စိတ်ပူသောသူငယ်ချင်းများသည် ယခုတော့အခန်းအတွင်းအိပ်မောကျလျှက်ရှိမည်။ဦးဦးသည် မနေ့၌ပင်ဂျူတီချိန်ကြောင့် မရှိခဲ့။ daddy အမှုအတွက်ပြင်ဆင်မှုပြုသော ဦးဟောက်ရွှမ်းသည်လည်းမရှိ။
သေချာသည့်အခြေနေတွင် အိမ်နှင့်ခြံအားရှောင်းကျန့်ဖြတ်ကျော်ခဲ့ပြီ။ ကျောင်းတတ်စဉ်ကအသုံးပြုသောကားလေးသည်အဆင်သင့်မို့သာတော်ပါ၏။ အမြဲတမ်းအရိပ်အဖြစ်ရှိပေးပါသော bodyguard များ။ယခုတွင်မူ သူတို့အနေနှင့်လည်းပင်ပန်းနေပြီဖြစ်၏။ အကြောင်းသိနေပါသောထိုအချိန်သည် လူလဲရန်၌။ အဆင်ပြေခဲ့သောခိုးထွက်ချိန်လေးပင်။ စက်နှိုးလို့ မောင်းနှင်သည့်ကားလေးသည် လမ်းမထက်အရှိန်ပိုခဲ့သည်။မည်သည့်စခန်းလည်းရှောင်းကျန့်မသိပါ။ ခန့်မှန်းရာ ရဲစခန်းသာဖြစ်ပါလိမ့်မည်..။
အလင်းကွဲလာသောအချိန်လေးသည်၆နာရီထိုးလုလု။ ရပ်နားသည့်ကားလေးသည်စခန်းတစ်ခု၏အရှေ့၌။ သေချာပေါက်daddy အားတွေ့ရမှဖြစ်မည်။ တွေ့လျှင်daddyပျော်မည်လား..။သို့ပေမဲ့စိုးရိမ်စိတ်နှင့်daddyဆီကဆူသံတော့ကြားကရပါလိမ့်မည်။ ကိစ္စသည်မရှိပါ။မြင်တွေ့ရလျှင်အဆင်ပြေသည်မို့...။ ပင့်သက်တစ်ချက်ရှိုက်လို့ ခြေလှမ်းလေးပြင်လိမ့်သည်။
"သခင်လေး!"
"ဟင်!"
အသံနှင့်ထပ်တူကျစွာ သူ့ခြေလှမ်းများလည်းရပ်တန့်ရ၏။ ထို့အပြင်လက်ကလေးနှစ်ဖက်သည် bodyguard များ၏ ထိန်းချုပ်ခြင်းခံလိုက်ရသည်။ မဟုတ်သေးဘူး။ရှောင်းကျန့်daddyကိုတွေ့ရဦးမှာ။ မိသွားသော bodyguard များတွင် ရှောင်းကျန့်ထိုရဲစခန်းအတွင်းအခြေချနိုင်မည်မဟုတ်တော့..။အတွေးနှင့်လည်ခဲ့သောမျက်ရည်များ..။တွေ့ချင်ရုံလေးပါပဲ။ ဘာလို့များတားဆီးချင်သလည်း...။
YOU ARE READING
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...