ခြံထဲတွင်ထိုင်လျှက် မြေကြီးများအားခြေထောက်နှင့်ထိုးဆွမိသည်။အလုပ်လုပ်နေခြင်းအား ရှုပ်နေသကဲ့သို့ဖြစ်နေသည့်မျက်ဝန်းနှင့်daddyကြည့်သည်လေ။ထို့ကြောင့်ခြံထဲတွင်သာထိုင်နေရတော့သည်။ အရင်နှစ်များတွင် ကလေးငယ်ဆိုကာ ပေါင်ပေါ်တင်လို့daddyမြူသည်။ ယခုများတော့ရှောင်ဖယ်ခြင်းတွေသိပ်များသည်မို့ ဝမ်းနည်းစိတ်ကလှိုင်၏။ပြောင်းလဲမှုအားအကြောင်းနားလည်ခဲ့ရင်ကောင်းမည်။daddyနှင့်နီးစပ်စွာသူနေချင်သည်။ ကလေးငယ်အပေါ်မှာdaddyနားမနိုင်တော့ဘူး။ထိုကဲ့သို့တွေခံစားမှုမြှင့်တတ်၏။၁၇နှစ်သာရှိသေးသည်daddy။ဘာလို့များကလေးတစ်ယောက်လိုမမြင်ပေးနိုင်သလည်း။ daddyရင်ခွင်ထဲရှောင်းကျန့်ချွဲနေချင်သေးသည်။
အတွေးနစ်တွင်လူသည်နစ်နေပါ၏။ ဖုန်းသံလေးမြည်မှသာ အသိတရားဝင်ပါတော့သည်။ ဆက်သူသည်ကျောချန်။.ပြောသမျှအားသူနားထောင်ပေးခဲ့သည်။ အပြင်မှာလေတိုက်နေလို့ စိတ်တွင်daddyလှမ်းခေါ်မှုကိုသာကြီးဆိုး၏။ သို့ပေမဲ့ရာအရိပ်ပင်မမြင်သေးပါ။
(ရှောင်းကျန့်.ရှောင်းကျန့်.! စကားပြန်ပြောဦးလေကွာ)
"မင်းပြောတာငါကြားတယ်.."
(ငါ့စကားတွေကိုမင်းဂရူစိုက်နားထောင်ပေးရင်ကောင်းမယ်..)
သက်ပျင်းရှိုက်မိသည်။ သူ့အပေါ်ရှိကျောချန်စိတ်များအားပျောက်ကွယ်စေချင်သည်။
(ထားလိုက်ပါတော့ ငါကကျေနပ်တော့လည်း..မင်းကိုပြောစရာရှိတယ်..ဆေးရုံတတ်နေတဲ့ရန်ချိုးလေ မနေ့ညကအသံအိုးကွဲပြီး ခြေထောက်တစ်ဖက်ကျိုးသွားတယ် ဆေးရုံမှာလချီတော့မယ်တဲ့)
"ဟမ်..အဲ့လောက်တောင်"
(မင်းမသိသေးဘူးပေါ့ ငါလည်းဒီနေ့တင်သိတာ အဖေကအဲ့ကိစ္စကိုလိုက်နေတယ်လေ.ခြေရာလက်ရာတောင်မကျန်ဘုးနော် ဘယ်သူနဲ့အဲ့ကောင်ရန်ငြိုးရှိသေးလည်းမသိဘူး)
YOU ARE READING
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...