part11❄

7.3K 588 10
                                    


"ဆိုင်​ကယ်​လိုက်​စီးမလား​ရှောင်းကျန့်​.အတန်း​စောပြီး​တယ်​​လေ.."

ဦးထုတ်​ကေ​လးပြရင်းဆိုသာ​ကျောချန်​။ခေါင်းခါရမ်းမိပါသည်​။အဆင်​မ​ပြေ​သောစိတ်​အ​ခြေ​နေတွင်​ သူမည်​သို့​နေရမည်​လည်းမသိပါ။ကျောချန်​မျက်​နှာပျက်​သည်​အားမြင်​​ပေမဲ့လို့ တခြားသူကိုလည်းစိတ်​ဒုက္ခမ​ပေးချင်​သည်​​လေ။

"ငါ့စိတ်​​တွေကိုမင်းမြင်​ရင်​​ကောင်းမယ်​.."

"ငါ.."

"ထားလိုက်​ပါ.ဒါဆိုကား​ပေါ်တတ်​​လေ ငါကြည့်​​နေမယ်​"

ုပြိုင်​ကားဝါ​လေးအားဖွင့်​​ပေးသည်​။ ​ခြေတစ်​ဖက်​​ခြေချရုံရှိ​သေးထိုးရပ်​လာကာ​သောကားတစ်​စီး။ဆင်းလာသူ၏မျက်​နှာအား​ရှောင်းကျန့်​သိသည်​။daddy၏အကို။ဦးဦးပင်​။ကျောင်းအားဘယ်​လို​ကြောင့်​​ရောက်​လာသလည်း။သူ့အားမြင်​​တော့ပြုံးပြသည့်​သူ။ခါး​လေးကိုင်းလို့အရို​သေ​ပေးမိသည်​။

"​ကျောင်းအ​စောဆင်းကြတယ်​ထင်​တယ်​."

ဆံပင်​​တွေအားဖွရင်းဆိုသည်​။ထို့​နောက်​လှည့်​သည်က​ကျောချန်​ဘက်​။ဆူပုတ်​​နေပါ​သော​ကျောချန်​​ကြောင့်​သိ​နေသည်​ထင်​ပါ၏။ကျိရန်​က​တော့ အလယ်​တွင်​​ကြောင်​အမ်းအမ်းက​လေးသာ။သူသည်​လည်းနားမလည်​ပါ။

"လာကြိုတာညီ.."

"ဘာ"

"ညီ့အ​ဖေကြိုခိုင်းတာ.."

နားမလည်​ပါ​သောစကားအသွားအလာ။ကျောချန်​သည်​ဆူပုတ်​​နေပြီဖြစ်​၏။ကျိရန်​သည်​သူ့အားလက်​ကုတ်​လျှက်​​မေး​နေသည်​။ဦးဦးနှင့်​​ကျောချန်​ကသိ​နေသည်​တဲ့အလား။အ​ခေါ်အ​ဝေါ်များသည်​လည်းရင်းနှီးပါ၏။

"ငါအရင်​သွားရမယ်​.ကားကိုဂရုစိုက်​​မောင်း​နော်​"

ထွက်​သွားသည့်​နှစ်​​ယောက်​။နားမလည်​စွာကျန်​ခဲ့ရသူကသူနှင့်​ကျိရန်​သာ။နောက်​မှသာကျိရန်​သည်​ သိသည်​ဆိုနှင့်​ပုံစံနှင့်​လက်​​ဖျောက်​တီးပါ၏။

"ဟိုတစ်​ခါ​ကျောချန်​​ပြောဖူးတယ်​ သူ့အ​ဖေနဲ့သိတာတဲ့ ကြည့်​မရဘူးဆိုပဲ"

Daddy, don't hurt me (Completed) Where stories live. Discover now