လည်ချောင်းအတွင်းပူဆင်းစွာဝင်သွားသောအရက်များ။အချိန်သည်၈ နာရီကျော်ပင်ရှိ၏။အိမ်သို့မပြန်ချင်စွာ ဘားသို့ရောက်လာရသည်။အမှန်ဆိုပါကdaddy နှင့်မျက်နှာချင်းမဆိုင်ချင်ခဲ့ပါ။တွေ့ဆုံပါက နာကျင်ရမည်ကိုရှောင်းကျန့်ကြောက်သည်။နာကျင်ခြင်းများထပ်လာမှုကြောင့် ရင်ထဲတွင်စို့နစ်နေရ၏။ ပူဆင်းစွာဝင်သွားသောအရက်များသည်လည်း သူ့ရင်အတွင်းသို့ငြိမ်းစက်မပေးနိုင်ခဲ့။ စတင်မိခါက ထိုမျှလောက်နာကျင်ရမယ်လို့ ရှောင်းကျန့်မတွေးခဲ့။ daddyဆီကချစ်သည်ဆိုတာလေးသာပြန်ရမယ်ထင်ခဲ့တာ။ရှောင်းကျန့်သိပ်မှားခဲ့သည်။"ရှောင်းကျန့်"
အတန်းခေါင်းဆောင်ပင်ဖြစ်၏။အလေးမထားစွာနေမိတော့ ရှေ့တွင်ဝင်ထိုင်သည့်သူ။စကားမပြောချင်သည်မို့ အရှေ့ရှိအရက်အားမော့မိသည့်အခါကုန်ခမ်းနေပါ၏။.သို့ပေမဲ့အတန်းခေါင်းဆောင်သည်ခွက်ကလေးတစ်ခုပေးလာခဲ့၏။ဘာလဲဆိုသည့်အကြည့်ကြောင့် အတန်းခေါင်းဆောင်သည်လက်ခါပြ၏။
"ဟုန်ရီးနဲ့ငါအဆင်ပြေသွားပြီ.ဒီတစ်ခွက်ကငါတိုက်တာပါသောက်လိုက်လေ.."
ရှေ့သို့ထပ်ရောက်သည့်ခွက်ကလေး။အပိုစကားမပြောချင်စွာယူသောက်ပြီးနောက်တွင် အတန်းခေါင်းဆောင်သည် တခြားဝိုင်းသို့ပြန်ရောက်သွား၏။မျက်စိရှေ့၌ဖုန်းကလေးသည် မီးလင်းခြင်းမပျက်ခဲ့ပါ။daddyဆီကတဲ့လား။ပုံမှန်ချိန်များဆိုရှောင်းကျန့်ကိုင်မိမှာ။သို့ပေမဲ့ရာ ဒီတစ်ကြိမ်တော့daddyအားလွန်ဆန်ချင်ပါသည်။ ကောက်ကိုင်မိသောဖုန်းကလေးသည်တခြားတဦးထံသို့ခေါ်ဆိုမိ၏။ထိုတညတော့ရင်ဖွင့်ရန်အတွက်တစ်စုံတစ်ယောက်ရှိမှဖြစ်မည်။ မွန်းကျပ်လွန်း၍။
"ငါ့ဆီလာခဲ့ပေးနိုင်မလား.."
*********************************************
****
YOU ARE READING
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...